လစ်ဗျားကမ်းလွန်

August 29, 2019

ဥရောပသွားမည့် ရွှေ့ပြောင်းလှေ လစ်ဗျားကမ်းလွန်တွင် နစ်မြုပ်၊ လူ ၄၀ သေပျောက်

ဥရောပကို သွားမယ့် ရွှေ့ပြောင်းနေထိုင်သူတွေကို တင်လာတဲ့ လှေတစီး လစ်ဗျားနိုင်ငံ ကမ်းလွန်မှာ နစ်မြုပ်ပျက်စီးပြီး လူအယောက် ၄၀ လောက် သေဆုံး ပျောက်ဆုံးနိုင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ပြောပါတယ်။ စက်လှေပေါ်ပါလာသူတွေထဲက ၆၅ ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ၅ ဦးရဲ့ အလောင်းတွေကိုတွေ့ရတယ်လို့ လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်၊ သေဆုံးသူတွေထဲမှာ မော်ရိုကိုက ၃ ဦး၊ ဆူဒန်က ၁ ဦးနဲ့ ဆိုမလာလီယာက ၁ဦးပါဝင်ပြီး ရှင်သန်ကျန်ရစ်သူ အများစုက ဆူဒန်၊ အီဂျစ်၊ မော်ရိုကိုနဲ့ တူနီးရှားနိုင်ငံတွေက ဖြစ်တယ်လို့ UNHCR က ပြောပါတယ်။ လတ်တလော နှစ်တွေအတွင်း ထောင်သောင်းချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ မြောက်အာဖရိကနေ ဥရောပကို လာဖို့ ကြိုးစားခဲ့တာပါ။ ကျန်ခဲ့တဲ့ ငါးနှစ်အတွင်း ပင်လယ်ပြင်မှာ သေဆုံးသူ အယောက် ၁၀၀၀ ကျော်တယ်လို့ UNHCR က ပြောပါတယ်။ အရင်အပတ်ကလည်း လူအယောက် ၁၀၀ ကျော်သေဆုံးပြီး အရင်လကတော့ လူအယောက် ၂၅၀ ကို တင်လာတဲ့ လှေတစီး ပင်လယ်ထဲ နစ်ခဲ့ပါတယ်။ ဒီနှစ်မှာ လစ်ဗျား ကမ်းရိုးတန်းစောင့်တပ်က ကယ်ခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၅၄၀၀ နီးပါးရှိပြီး အယောက် ၉၀၀ ကျော် သေဆုံးတယ်လို့ UNHCRက ပြောပါတယ်။
ဥေရာပသြားမည့္ ေ႐ႊ႕ေျပာင္းေလွ လစ္ဗ်ားကမ္းလြန္တြင္ နစ္ျမဳပ္၊ လူ ၄၀ ေသေပ်ာက္ DVB ဥေရာပကို သြားမယ့္ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို တင္လာတဲ့ ေလွတစီး လစ္ဗ်ားႏိုင္ငံ ကမ္းလြန္မွာ နစ္ျမဳပ္ပ်က္စီးၿပီး လူအေယာက္ ၄၀ ေလာက္ ေသဆုံး ေပ်ာက္ဆုံးႏိုင္တယ္လို႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR)က ေျပာပါတယ္။ စက္ေလွေပၚပါလာသူေတြထဲက ၆၅ ဦးကို အသက္ရွင္လ်က္ကယ္ဆယ္ႏိုင္ခဲ့ၿပီး ၅ ဦးရဲ႕ အေလာင္းေတြကိုေတြ႕ရတယ္လို႔ လစ္ဗ်ားကမ္းေျခေစာင့္တပ္ဖြဲ႕က ေျပာပါတယ္၊ ေသဆုံးသူေတြထဲမွာ ေမာ္႐ိုကိုက ၃ ဦး၊ ဆူဒန္က ၁ ဦးနဲ႔ ဆိုမလာလီယာက ၁ဦးပါဝင္ၿပီး ရွင္သန္က်န္ရစ္သူ အမ်ားစုက ဆူဒန္၊ အီဂ်စ္၊ ေမာ္႐ိုကိုနဲ႔ တူနီးရွားႏိုင္ငံေတြက ျဖစ္တယ္လို႔ UNHCR က ေျပာပါတယ္။ လတ္တေလာ ႏွစ္ေတြအတြင္း ေထာင္ေသာင္းခ်ီတဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြဟာ ေျမာက္အာဖရိကေန ဥေရာပကို လာဖို႔ ႀကိဳးစားခဲ့တာပါ။ က်န္ခဲ့တဲ့ ငါးႏွစ္အတြင္း ပင္လယ္ျပင္မွာ ေသဆုံးသူ အေယာက္ ၁၀၀၀ ေက်ာ္တယ္လို႔ UNHCR က ေျပာပါတယ္။ အရင္အပတ္ကလည္း လူအေယာက္ ၁၀၀ ေက်ာ္ေသဆုံးၿပီး အရင္လကေတာ့ လူအေယာက္ ၂၅၀ ကို တင္လာတဲ့ ေလွတစီး ပင္လယ္ထဲ နစ္ခဲ့ပါတယ္။ ဒီႏွစ္မွာ လစ္ဗ်ား ကမ္း႐ိုးတန္းေစာင့္တပ္က ကယ္ခဲ့တဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူ အေယာက္ ၅၄၀၀ နီးပါးရွိၿပီး အေယာက္ ၉၀၀ ေက်ာ္ ေသဆုံးတယ္လို႔ UNHCRက ေျပာပါတယ္။
2 years Ago
Up