အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေရတာမို့ ဝန်ကြီးချုပ် နရိန်ဒြာမိုဒီအပါအဝင် တခြားအစိုးရထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ ဒီနှစ်မှာ လစာ ၃၀ ရာခိုင်နှုန်း လျှော့ယူမယ်လို့ ပြန်ကြားရေးဝန်ကြီးက ဧပြီ ၆ ရက်မှာ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့တာကို ထိန်းချုပ်ဖို့အတွက် ဝန်ကြီးချုပ် မိုဒီက နိုင်ငံတဝန်း သီတင်း ၃ ပတ်ကြာ အိမ်ထဲက အိမ်ပြင် မထွက်ရ အစီအမံကို ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအစီအမံက သန်းနဲ့ချီတဲ့ အိန္ဒိယပြည်သူတွေကို အလုပ်လက်မဲ့ဖြစ်စေပြီး ဆင်းရဲသား အတော်များများကို စားဝတ်နေရေး အခက်တွေ့စေပါတယ်။
ဒါကြောင့် လူမှုရေးတာဝန်ယူမှုအနေနဲ့ သမ္မတရမ်နတ်ကိုဗင်နဲ့အတူ ဝန်ကြီးချုပ် မိုဒီ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတချို့နဲ့ ပါလီမန်အမတ်တွေ လစာလျှော့ယူမယ့် အမိန့်အာဏာကို ပြည်ထောင်စုအစိုးရအဖွဲ့က သဘောတူထားပါတယ်။
ဧပြီ ၆ ရက်နေ့အထိ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃,၈၅၁ ယောက်ရှိပြီး သေဆုံးသူ ၁၁၁ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။
11 months Ago