လစာ ဖြတ်တောက်ခံရဖွယ်မရှိ

April 7, 2018

ချန်ပီယံလိဂ်ဝင်ခွင့်မရလည်း ချဲလ်ဆီးကစားသမားများ လစာ ဖြတ်တောက်ခံရဖွယ်မရှိ

  ချဲလ်ဆီးအသင်း ကစားသမားတွေအနေနဲ့ လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင်တောင် လစာဖြတ်တောက်ခံရဖွယ် မရှိဘူးလို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ အဆင့် ၄ နေရာက တော့တင်ဟမ်အသင်းနဲ့ ၈ မှတ်ကွာဟ နေပေမယ့်လည်း ယူရိုပါလိဂ် ဝင်ခွင့်ရရှိနိုင်သေးတာကြောင့် လစာဖြတ်တောက်ခံရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အချို့သော ကစားသမားတွေကို လစာတိုးမြှင့် စာချုပ်ချုပ်ကမ်းလှမ်းသွားဖို့ ရှိနေပြီးတော့ တပတ်လုပ်ခ ပေါင် ၂ သိန်း ရရှိနေတဲ့ အီဒင်ဟာဇက်ကိုလည်း  ၃ သိန်းထိ တိုးမြှင့်ကမ်းလှမ်းစာချုပ်ဖို့ အသင်းအနေနဲ့ အလိုရှိနေပါတယ်။ တိုက်စစ်မှူး မိုရာတာကတော့ အသင်းဟောင်း ရီးရဲမက်ဒရစ်အသင်းကို ပြန်လည်ပြောင်းရွှေ့လိုနေတာကြောင့် အသင်းမှာ ဆက်လက် ရှိနေဖို့တော့ မသေချာဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ် ချန်ပီယံချဲလ်ဆီးအသင်းဟာ အခုနှစ်ရာသီမှာတော့ ရုန်းကန်နေရသလို ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရပါတယ်။
3 years Ago
Up