လစာမဲ့ခွင့်

March 9, 2021

ဆန္ဒပြပွဲများတွင် ပါဝင်နိုင်ရန် လှိုင်သာယာအလုပ်သမားများ လစာမဲ့ခွင့် တောင်းဆို

လှိုင်သာယာမြို့နယ်ရှိ စက်ရုံအလုပ်ရုံအချို့က အလုပ်သမားတွေက လစာမဲ့ခွင့်နဲ့ အလုပ်တွေ ပိတ်ပေးဖို့ အလုပ်ရှင်တွေကို ဒီနေ့ တောင်းဆိုနေကြပါတယ်။

စက်ရုံလုပ်သားတွေအနေနဲ့ ကိုဗစ်ကာလမှာတောင် ရရာလစာနဲ့ရပ်တည်ခဲ့ကြတာမို့ အခု စစ်အာဏာရှင်ဆန့်ကျင်ရေး လူပ်ရှားမူဆောင်ရွက်နိုင်ဖို့ လစာမဲ့ခွင့်တွေနဲ့အလုပ်တွေ ပိတ်ပေးဖို့ တောင်းဆိုကြတာလို့ အလုပ်သမားတဦးက ပြောပါတယ်။

ထမင်းငတ်သေမှာထက် စစ်အာဏာရှင်လက်အောက်မှာ နေရမှာကို ပိုကြောက်တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

အဲ့လိုတောင်းဆိုနေတဲ့ စက်ရုံတွေ ရာချီရှိတယ်လို့လည်း သိရပါတယ်။

9 months Ago
Up