လစာတိုး

May 17, 2020

မန်စီးတီးက တိုက်စစ်မှူး ဂျေဆုကို လစာတိုးပေးပြီး သက်တမ်းတိုးရန် စီစဉ်

မန်ချက်စတာစီးတီးအသင်းက တိုက်စစ်မှူး ဂါဘီရယ်ဂျေဆုကို တပတ်ကို ပေါင် ၁၂၀,၀၀၀ အထိ တိုးပေးပြီး စာချုပ်သစ် သက်တမ်းတိုးဖို့ လုပ်ဆောင်နေပါတယ်။ အီတလီကလပ် ဂျုဗင်တပ်စ်အသင်းက မန်စီးတီးတိုက်စစ်မှူး ဂျေဆုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။  ဒါကြောင့် မန်စီးတီးက စာချုပ်သက်တမ်း ၃ နှစ်ကျန်နေသေးတဲ့ ဘရာဇီး တိုက်စစ်မှူးကို စာချုပ်သစ်ချုပ်ဖို့ ကြိုးစားနေတာပါ။ မန်စီးတီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့အတွက် ချန်ပီယံလိဂ်နဲ့ ဥရောပပြိုင်ပွဲတွေ ၂ နှစ်တိတိ ကစားခွင့် ပိတ်ပင်ခံထားရပါတယ်။  ဒါကြောင့် ဥရောပအသင်းကြီးတွေက မန်စီးတီးက နာမည်ကြီး ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။ မန်စီးတီးအနေနနဲ့လည်း စတာလင်နဲ့ ဂျေဆုတို့ကို ကစားသမားတွေကို အသင်းမှာ ဆက်ထိန်းထားဖို့ ခက်ခဲတဲ့ အနေအထားမှာ ရှိနေပါတယ်။ 
11 months Ago
Up