လစာကိစ္စ သဘောတူညီမှု မရသေး၍ ဆန်းချက်ဇ် အာဆင်နယ်မှထွက်ခွာရန် နီးစပ်

March 3, 2017

လစာကိစ္စ သဘောတူညီမှု မရသေး၍ ဆန်းချက်ဇ် အာဆင်နယ်မှထွက်ခွာရန် နီးစပ်

အာဆင်နယ်အသင်း တောင်ပံတိုက်စစ်မှူး ဆန်းချက်ဇ်ဟာ အသင်းနဲ့ လစာကိစ္စ ဆွေးနွေးရာမှာ သဘောတူညီမှု မရသေးတာကြောင့် အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဆန်းချက်ဇ်နဲ့ အိုဇေးလ်တို့ကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေတာဖြစ်ပြီး နှစ်ဦးစလုံးနဲ့ သဘောတူညီမှု မရှိသေးတာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိ ဆန်းချက်ဇ်ဟာ တပတ်လုပ်ခ ပေါင် ၁ သိန်း ၃ သောင်း ရရှိနေတာဖြစ်ပြီး အာဆင်နယ်အသင်းက တပတ် ပေါင် ၁ သိန်းခွဲနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆန်းချက်ဇ်အနေနဲ့ တပတ် ပေါင် ၂ သိန်းခွဲလောက်ရမှ စာချုပ်သက်တမ်းတိုးမှာ ဖြစ်တာကြောင့် အဆင်မပြေဖြစ်နေတာ ဖြစ်ပါတယ်။ ဂျာမနီလက်ရွေးစင် အိုဇေးလ်ကလည်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးရဲ့ စာချုပ်သက်တမ်းတိုးမှ အသင်းမှာ ဆက်ကစားမယ်လို့ ပြောကြားထားပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဒီကစားသမား ၂ ဦးရဲ့ စာချုပ်သက်တမ်းကိစ္စ အဆင်မပြေဖြစ်ခဲ့မယ်ဆိုရင် ဒေါ့မွန်က မာကိုရုစ်၊ ပေါ်တိုက အန်ဒရီဆေးလ်ဗားနဲ့ လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီတို့ကို ခေါ်ယူဖို့ စီစဉ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
5 years Ago
Up