လင်ဒီလော့ဖ်

October 14, 2020

မန်ယူနိုက်တက်အသင်း ရလဒ်မကောင်းသေးသည့်အဖြစ်မှန်ကို မသိရှိဟု လင်ဒီလော့ဖ် ပြော

မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုရာသီအစမှာ ရလဒ်မကောင်းသေးတာဟာ ဘာကြောင့်မှန်းမသိကြောင်း နောက်ခံလူ လင်ဒီလော့ဖ်က ပြောပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲကစားအပြီးမှာ ၁ ပွဲနိုင်၊ ၂ ပွဲ ရှုံးနိမ့်ထားပြီး အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာပါ။  ရာသီအစမှာ အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခြင်းမရှိကြောင်းနဲ့ အဲဒီလို ဘာကြောင့်ဖြစ်ရသလဲ ဆိုတာ မသိရှိကြောင်း လင်ဒီလော့ဖ်က ဆွီဒင်မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ပြောပါတယ်။ ပြီးခဲ့တဲ့ရာသီက ဥရောပပြိုင်ပွဲကို အချိန်ကြာမြင့်စွာ ကစားခဲ့ရတာကြောင့် အနားသိပ်မရခဲ့တဲ့ အခြေအနေကြောင့်လည်း ဖြစ်နိုင်ပြီး အဖြေရှာဖို့ ခက်ခဲတယ်လို့ လင်ဒီလော့ဖ်က ပြောပါတယ်။  ဆွီဒင်နောက်ခံလူ လင်ဒီလော့ဖ်ဟာ မန်ယူနိုက်တက်အသင်းဖော် ဘရူနိုဖာနန်ဒက်စ် ပါဝင်တဲ့ ပေါ်တူဂီအသင်းနဲ့ အောက်တိုဘာ ၁၅ ရက်မှာ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။
1 year Ago

September 23, 2020

မက်ဂွဲယားနှင့် လင်ဒီလော့ဖ်တို့ မန်ယူနိုက်တက်တွင် ကစားရန် ခြေစွမ်းမရှိဟု ဝေဖန်ခံရ

မန်ယူခံစစ်အတွဲဖြစ်တဲ့ မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်တို့ဟာ ထိပ်တန်းအဆင့်မှာ ကစားဖို့ လုံလောက်တဲ့ခြေစွမ်းမရှိကြောင်း အာဆင်နယ်တိုက်စစ်မှူးဟောင်း အီရန်ရိုက်က ဝေဖန်လိုက်ပါတယ်။ မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်တို့ဟာ ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အမှားများခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ တိုက်စစ်မှူးတစ်ဦးအနေနဲ့ဆိုရင် မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်တို့ ဦးဆောင်ကစားနေတဲ့ ခံစစ်ပိုင်းကို ပစ်မှတ်ထားပြီး ဖြစ်နိုင်သမျှ ဖိအားပေး တိုက်စစ်ဆင်ကစားမှာဖြစ်တယ်လို့ အီရန်ရိုက်က ဝေဖန်ခဲ့တာပါ။ လူအများစုက တိုက်စစ်ပိုင်းမှာ အင်အားဖြည့်တင်းဖို့ ပြောဆိုနေကြပေမယ့် ယူနိုက်တက်အသင်းရဲ့ လက်ရှိအခြေအနေက ဗဟိုခံစစ်ပိုင်းကို ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ အီရန်ရိုက်က သုံးသပ်ပါတယ်။ သူတို့နှစ်ဦးက မန်ယူအသင်းလို ထိပ်တန်းအသင်းမှာ ကစားဖို့ လုံလောက်တဲ့စွမ်းဆောင်ရည် မရှိကြောင်းနဲ့ ဆုဖလားတွေကို စိန်ခေါ်နိုင်ချင်တယ်ဆိုရင် ခံစစ်ပိုင်းကို ပြောင်းလဲမှုလုပ်ဖို့ လိုတယ်လို့ အီရန်ရိုက်က ဝေဖန်ခဲ့ပါတယ်။
1 year Ago
Up