လင်းထိန်ခဲ့

June 3, 2018

တရုတ်တွင် မီးလောင်ဥက္ကာခဲ ကျလာသဖြင့် ညကောင်းကင်တွင် လင်းထိန်ခဲ့ (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှီရွှမ်းဘန်န ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက ဒိုင် တိုင်းရင်းသားတွေရဲ့ ဒေသမှာ မီးလောင်နေတဲ့ ဥက္ကာခဲတခု ကျလာတာကြောင့် ညဘက်ကောင်းကင်မှာ လင်းထိန်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇွန် ၁ ရက် ဒေသစံတော်ချိန် ည ၉နာရီ မိနစ် ၄၀ လောက်မှာ ခုလို ဖြစ်ခဲ့တာပါ။ မိုးကြိုးပစ်သံနဲ့အတူ မီးလုံးကြီး ကျလာတာကြောင့် တောက်ပတဲ့ အလင်းရောင်ကို မြင်ခဲ့ရတယ်လို့ လမ်းပေါ် ပြေးထွက်လာတဲ့ ဒေသခံတွေက ပြောပါတယ်။ မီးလုံးဟာ တကယ်တော့ အင်မတန် တောက်ပတဲ့ ဥက္ကာခဲတလုံး ဖြစ်တယ်လို့ ယူနန်ပြည်နယ် တရုတ် သိပ္ပံ လေ့လာရေးဌာနက ပြောပါတယ်။ ဥက္ကာခဲဟာ ကမ္ဘာ့လေထုထဲ ဝင်လာချိန်မှာ လေထုနဲ့ ပွတ်တိုက်မှုပြင်းထန်လို့ မီးတောက် ထွက်လာခဲ့တာ ဖြစ်ကြောင်း ဌာနရဲ့ နက္ခတ်တာရာ ပညာရှင် ကျန်းရှင်းရှန်က ရှင်းပြခဲ့ပါတယ်။ ရုပ်သံ - စီဂျီတီအန်
3 years Ago
Up