လင်းထက်နိုင်

A d v e r t i s e m e n t With Us

November 4, 2015

ဗကသ ကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင် ဖမ်းဆီးခံရ

သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း ခေါင်းဆောင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ရဲ့ ခင်ပွန်းဖြစ်သူ ဂျိမ်း (ခေါ်) ကိုလင်းထက်နိုင်ကို နိုဝင်ဘာ ၃ ရက်က ရန်ကုန်မြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဗကသများ အဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) သတင်းနှင့် ပြန်ကြားရေးက အတည်ပြုပါတယ်။ ကိုလင်းထက်နိုင် ကိုယ်တိုင်လည်း မဖြိုးဖြိုးအောင်လိုပဲ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဒီမိုကရေစီ ပညာရေး ပင်မကျောင်းသား သပိတ်စစ်ကြောင်းနဲ့ ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ခံခဲ့ရတဲ့ ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ဥက္ကဋ္ဌ ကိုကျော်ကိုကို ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က ဖမ်းဆီးလိုက်ပြီး ကိုလင်းထက်နိုင်ကို ထပ်မံဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
5 years Ago
Up