လင်းကင်းပါ့ခ်

July 21, 2017

လင်းကင်းပါ့ခ်ဂီတအဖွဲ့မှ အဆိုတော် ချက်စတာ ဘန်နင်းတန် ကွယ်လွန်

လင်းကင်းပါ့ခ် (Linkin Park) ဂီတအဖွဲ့က အဆိုတော်နဲ့ တေးရေးသမား ချက်စတာ ဘန်နင်းတန် (Chester Bennington) ဟာ ဇူလိုင် ၂၀ ရက်နေ့က ကွယ်လွန်သွားပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ထဲက သူ့ရဲ့နေအိမ်မှာ သူ့ကိုယ်သူ အဆုံးစီရင်သွားတာလို့ လော့အိန်ဂျလိစ် မှုခင်းဌာနက ပြောပါတယ်။ ချက်စတာ ဘန်နင်းတန်ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၁ နှစ်အရွယ်ရှိပြီး အရက်နဲ့ မူးယစ်ဆေးစွဲနေသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ လင်းကင်းပါ့ခ်ဂီတဝိုင်းကို ၁၉၉၆ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ဂရမ်မီဆု ၂ ကြိမ် ရခဲ့ပါတယ်။ ဟစ်ပ်ဟော့ပ် (Hip Hop)၊ ရက်ပ် (Rap) စတဲ့ ဂီတတွေကို ရောပြီး ဖန်တီးထားတဲ့ သူတို့အဖွဲ့ရဲ့ သီချင်းတွေဟာ ကမ္ဘာတဝန်းမှာ အယ်လ်ဘမ်ပေါင်း သန်း ၇၀ ကျော် ရောင်းချခဲ့ရပါတယ်။ လင်းကင်းပါ့ခ်အဖွဲ့ဟာ အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်းစုံကို လှည့်လည် ဖျော်ဖြေမှုတွေ စတင်တော့မယ့်အချိန်မှာ ချက်စတာ ဘန်နင်းတန် သေဆုံးသွားတာပါ။ သူတို့အဖွဲ့ရဲ့ နောက်ဆုံးအယ်လ်ဘမ်အဖြစ် One More Light ကို ပြီးခဲ့တဲ့ မေလတုန်းကမှ ထွက်ရှိထားပါတယ်။ သူ ကွယ်လွန်ချိန်မှာ ဇနီးသည်နဲ့ အိမ်ထောင် ၂ ဆက်ကနေရတဲ့ ကလေး ၆ ဦး ကျန်ရစ်ခဲ့ပါတယ်။
5 years Ago
Up