လင်မယား

March 9, 2018

လင်မယား စကားများရာက ဇနီးနှင့် ဖျန်ဖြေသူတို့အား သံတုတ်ဖြင့် ရိုက်သတ်

သာစည်မြို့နယ် ယင်းမာပင်ရွာမှာ ဒီနေ့မနက်က လင်မယားချင်းစကားများရာ အရက်မူးနေတဲ့အမျိုးသားက ဇနီးဖြစ်သူနဲ့ လာရောက်ဖျန်ဖြေပေးသူတို့ကို သံတုတ်နဲ့ ရိုက်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ ယင်းမားပင်ရွာရဲစခန်းက ပြောပါတယ်။ ယင်းမာပင်ရွာ သုံးဆယ်ရပ်ကွက်နေ အရက်မူးနေတဲ့ ထွန်းဝင်း(ခ)ကိုထွန်းက အသက် ၄၁ နှစ်ရှိ ဇနီးဖြစ်သူ ဒေါ်စိန်မြိုင်နဲ့ စကားများ ရန်ဖြစ်ရာက အရှည် ၂ ပေ၊ လုံးပတ် ၅ မူးခန့်ရှိတဲ့ သံတုတ်နဲ့ရိုက်လို့ သေဆုံးသွားပါတယ်။ ဒါ့အပြင် အိမ်နီးချင်းဖြစ်တဲ့ ဖျန်ဖြေဖို့လာသူ ဦးဖိုးနုတ်ကိုပါ ထပ်ရိုက်လို့ အခင်းဖြစ်နေရာမှပဲ သေဆုံးခဲ့တာပါ။ ယင်းမာပင်ရွာ ရဲစခန်းစခန်းမှူးရဲအုပ်ကျော်မြင့်စိန်က “ဒေါ်စိန်မြိုင် ဘယ်ဘက်ချိုစောင်း ညိုမည်းပေါက်ပြဲတယ်။ ဦးဖိုးနုတ်ကတော့ မေးစေ့နဲ့ နောက်စေ့ ပေါက်တယ်။ နေရာတင် သေဆုံးတယ်။ ယင်းမာပင်တိုက်နယ်ဆေးရုံမှာ စစ်ဆေးဖို့ ပို့ထားတယ်"လို့ ပြောပါတယ်။ ယင်းမာပင်ရွာရဲစခန်းက ထွန်းဝင်းကို လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၂ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago

January 12, 2018

မိတ္ထီလာတွင် လင်မယားစကားများ၍ ဇနီးဖြစ်သူ ဆွဲကြိုးချသေဆုံး

မိတ္ထီလာမြို့နယ်၊ ဆင်မီးရွာမှာ ဇန်န၀ါရီ ၁၁ ရက်နေ့လယ်ပိုင်းက လင်မယားစကားများပြီး ဇနီးဖြစ်သူ ဆွဲကြိုးချသေဆုံးသွားတယ်လို့ မိတ္ထီလာအမှတ် ၃ ရဲစခန်းတာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဆင်မီးရွာနေ ကိုမောင်စိုးနဲ့ မထွေးထွေးခိုင်တို့ လင်မဟား ၂ ဦး စကားများကြပြီး မထွေးထွေးခိုင် နေအိမ်အနောက်ခန်းထဲဝင်ကာ ဆွဲကြိုးချသေဆုံးခဲ့တာလို့ ရဲအရာရှိကဆိုပါတယ်။ မိတ္ထီလာအမှတ်(၃)စခန်းမှူးရဲအုပ်ဇော်လွင်က “မထွေးထွေးခိုင်မှာ ပြင်ပဒဏ်ရာတော့ မတွေ့ရပါဘူး။ အမြင့် ၁၀ ပေလောက်ရှိတဲ့ ထုပ်တန်းကနေ ချည်ကြိုးနဲ့ ဆွဲကြိုးချသေတယ်။ ခြေထောက်နဲ့ကြမ်းပြင်နဲ့ ၅ လက်မလောက်တော့ လွတ်နေတယ် သေဆုံးပြီးမှ လူဝိတ်ကြောင့် ကြိုးပြတ်ကျတယ် ဒုန်း ဆိုတဲ့ အသံထွက်လာတာပေါ့။ စစ်ဆေးဖို့ မိတ္ထီလာဆေးရုံပို့တယ်” လို့ ပြောပါတယ်။ မိတ္ထီလာအမှတ်(၃)ရဲစခန်းက သေမှုသေခင်းအမှတ် ၁/၂၀၁၈ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago
Up