လင်ဂတ်

February 27, 2019

ဒဏ်ရာရကစားသမား များပြားနေသည့် မန်ယူအသင်း အခက်အခဲဖြစ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒဏ်ရာရ ကစားသမား ၁၀ ဦးအထိ ရှိနေတဲ့အတွက် ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်အတွက် အခက်အခဲ ဖြစ်နေပါတယ်။ မာရှယ်၊ ဟာရဲယား၊ မာတစ်၊ မာတာ စတဲ့ ကစားသမားတွေအားလုံးဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲကို လွဲချော်မှာဖြစ်ပြီး တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်လည်း ခြေချင်းဝတ်ဒဏ်ရာ ပြဿနာ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒါမီယန်၊ ဗလန်စီယာ၊ ဖီးလ်ဂျုံးနဲ့ ဂရင်းဝုဒ်တို့ဟာလည်း ဒဏ်ရာအသီးသီး ရရှိနေတာဖြစ်ပါတယ်။ မာရှယ်ဟာ လီဗာပူးနဲ့ပွဲကိုလည်း လွဲချော်ခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ အရဲစွန့်ပြီး အသုံးပြုမှာ မဟုတ်ဘူးလို့လည်း ဆိုးလ်ရှားက အတည်ပြုခဲ့ပါတယ်။ လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ တွန်မီနေး၊ ပါရဲယားတို့လို လူငယ်ကစားသမားတွေ အကောင်းဆုံး ခြေစွမ်းပြခဲ့ကြပြီး ဒဏ်ရာရကစားသမားတွေရဲ့ နေရာမှာ သူတို့ကို ဆက်ပြီး အသုံးပြုမှာဖြစ်တယ်လို့လည်း ဆိုးလ်ရှားက ပြောကြားသွားခဲ့ပါတယ်။ ဆိုးလ်ရှားဟာ ဒဏ်ရာရကစားသမားတွေ များပြားနေတာကြောင့် လူငယ်အသင်းက ကစားသမားတွေဖြစ်တဲ့ ဂိုမက်ဇ်၊ ချောင်နဲ့ ဂါနာတို့ကို အသင်းလူစာရင်းအတွက် ခေါ်ယူခဲ့ပါတယ်။
3 years Ago

February 19, 2019

မန်ယူတိုက်စစ်မှူး မာရှယ်နှင့် လင်ဂတ် လီဗာပူးနှင့်ပွဲအမီ ဒဏ်ရာပြန်ကောင်းလာနိုင်

မန်ယူ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာရှယ်နဲ့ လင်ဂတ်တို့ဟာ လီဗာပူးနဲ့ပွဲအမီ ဒဏ်ရာ ပြန်ကောင်းလာနိုင်တယ်လို့ သိရပါတယ်။ အဲဒီကစားသမားနှစ်ဦးဟာ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာအသီးသီး ရခဲ့တာဖြစ်ပြီး ၂ ပတ်ကနေ ၃ ပတ်အထိ အနားယူရမယ်လို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မာရှယ်ရဲ့ ပေါင်ခြံဒဏ်ရာက အလျင်အမြန် သက်သာလာနေပြီး လင်ဂတ် ရထားတဲ့ တံကောက်ကြောဒဏ်ရာဟာလည်း သက်သာလာနေပြီလို့ ဆိုပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးဟာ ချဲလ်ဆီးနဲ့ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲကို လွဲချော်ခဲ့ကြပေမယ့် လီဗာပူးနဲ့ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်လာနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
3 years Ago
More News
Up