လက်သမား

July 8, 2021

ကလေးမြို့နယ်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် လက်သမား ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဇူလိုင် ၇ ရက်နေ့က စစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် လက်သမားတစ်ဦး သေဆုံးသွားပါတယ်။

“ကလေးမြို့ နဲ့ ၅ မိုင်အကွာမှာရှိတဲ့ ထိုမာရွာကို မနက် ၈ နာရီလောက်က စစ်တပ်က ပတ်မွှေဖို့ လာတာထင်တယ်။ ဝင်လာရင်း သီတာထွန်း ဆန်စက်ရုံထဲကို ရွာသားတစ်ယောက်က တူမီးသွားဖွက်တာမြင်လို့ စက်ရုံနဲ့ အနီးတဝိုက်ကို စစ်တပ်တွေ ရမ်းပစ်တယ်။ ဆန်စက်မှာ လက်သမားလုပ်နေတဲ့ ကိုအေးမင်းက ကြောက်လန့်ပြီးထွက်ပြေးတော့ စစ်တပ်က သူတို့လှမ်းပစ်လို့ ဦးခေါင်းထိသွားပြီးသေဆုံးသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ကိုအေးမင်းမှာ ဇနီးနဲ့ ကလေးတစ်ဦး ကျန်ရှိခဲ့ပြီး ရုပ်အလောင်းကို ဒီနေ့ နေ့လယ် သင်္ဂြိုဟ် ဖို့ရှိပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိ ကလေးမြို့မှာ စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ  ၁၀ ယောက်လောက်ရှိပြီလို့ ဒေသခံက ပြောပါတယ်။

7 months Ago
Up