လက်လုပ်မိုင်းစမ်းသပ်

September 21, 2021

မြဝတီမြို့တွင် လက်လုပ်မိုင်းစမ်းသပ်ရာမှ ပေါက်ကွဲ၊ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စက်တင်ဘာ ၂၀ ရက် ည ၇ နာရီကျော်လောက်က လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မြဝတီမြို့အမှတ် ၄ ရပ်ကွက် အောင်မြင်ရွှေဘို ၂ လမ်း အိမ်တစ်လုံးမှာ လက်လုပ်မိုင်း စမ်းသပ်ရာကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၂ ဦးကိုတော့ မြဝတီခရိုင် ပြည်သူ့ဆေးရုံ ပို့ဆောင်ကုသထားပြီး စစ်ကောင်စီက လာရောက်စစ်ဆေးမေးမြန်းနေတယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားတဲ့အပြင် ခရီးသွားပြည်သူတွေကိုလည်း စစ်ဆေးနေပြီး ရပ်ကွက်တွေထဲ မကြာခဏဆိုသလို မိုင်းပေါက်ကွဲတာတွေ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြဝတီမြို့မှာ လက်နက်ကိုင်အဖွဲ့အစည်း ၆ ဖွဲ့ထက်မနည်း လှုပ်ရှားနေကြတယ်လို့ သိရပါတယ်။

2 years Ago
Up