လက်လုပ်ဗုံး ပေါက်ကွဲမှု

June 23, 2021

မန္တလေးတိုင်း စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၏နေအိမ် လက်လုပ်ဗုံးပေါက်ကွဲ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်ရှိ မန္တလေးတိုင်း စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသိန်းဌေးရဲ့ နေအိမ်ဝင်းအတွင်း ဇွန်လ ၂၃ ရက် နေ့ခင်း ၁ နာရီခွဲက လက်လုပ်ဗုံး ၂ လုံး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

အခုလို လက်လုပ်ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပေမဲ့  လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။

မန္တလေးမြို့မှာ ဇွန် ၂၂ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် နေရာတော်တော်များများမှာ စစ်ကောင်စီရဲ့ တပ်တွေ အရပ်ဝတ်တွေနဲ့ ရှိနေကြပါတယ်။

7 months Ago
Up