လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရ

September 13, 2021

မန္တလေးက ကျောက်သပိတ်ရဲကင်းစခန်း လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၁၉လမ်း၊ ၈၉ လမ်း နဲ့ လမ်း ၉၀ ကြားရှိ ကျောက်သပိတ်ရဲကင်းစခန်း စက်တင်ဘာလ ၁၃ ရက် မနက် ၁၀ နာရီကျော်လော်က လက်လုပ်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရပါတယ်။

ရေသန့်ဘူးနဲ့လုပ်ထားတဲ့ လက်လုပ်ဗုံးနဲ့ အမည်မသိ လူငယ် ၂ ယောက်က  ဆိုင်ကယ်နဲ့ လာရောက်ပစ်တာဖြစ်ပြီး ရဲကင်းထဲက ပြန်လည်ပစ်တာရှိတယ်လို့ သိရပါတယ်။

“ဗုံးသံကြားပြီး မကြာဘူး သေနတ်သံကြားတယ်။ အရပ်ထဲပြောတာတော့ အနားက အမျိုးသမီး နှစ်ယောက်ထိတယ်ပြောတယ်။ နောက်ပြီး ဗုံးသံကြောင့် အမျိုးသမီးတစ်ယောက် လန့်သေတယ် လို့ လည်း ပြောနေတယ်။ အတိအကျတော့ မသိရဘူး။” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦး က ပြောပါတယ်။

လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် အသက် ၆၀  ကျော်အမျိုးသမီးနဲ့ အသက် ၃၀  ကျော်အရွယ် အမျိုးသမီးတို့ ထိခိုက်ဒဏ်ရာရပြီး မန္တလေးဆေးရုံကြီးမှာ တင်ပို့ထားတယ်လို့ သိရပါတယ်။

1 month Ago
Up