လက်လုပ်ဗုံးပေါက်ကွဲ

May 5, 2021

မြိုင်မြို့နယ်တရားရုံးနှင့် ပညာရေးမှူးရုံး​ရှေ့ လက်လုပ်ဗုံးပေါက်ကွဲ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့က ဌာန ၂ ခုမှာ မေလ ၄ ရက်နေ့ မနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှု ဖြစ်ပွာခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

မြိုင်မြို့ရှိ ပညာရေးမှူးရုံးနဲ့ မြို့နယ်တရားရုံးရှေ့မှာ မနက် ၄ နာရီ ၀န်းကျင်က လက်လုပ်ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီးတော့ အဲဒီပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတော့ မရှိခဲ့ဘူးလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရန် ကြိုးစားနေချိန်မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာပါ။

1 week Ago
Up