လက်လုပ်ဗုံးပစ်ခံရ

July 26, 2021

မန္တလေးမြို့တွင် CDM မလုပ်သည့် ကျောင်းဆရာမနေအိမ် လက်လုပ်ဗုံးဖြင့် ပစ်ခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၄၅ လမ်းနဲ့ ၄၆ လမ်းကြား၊ ၁၀၇ လမ်းနဲ့ ၁၀၈ လမ်းကြားရှိ CDM မလုပ်တဲ့ ကျောင်းဆရာမတဦးရဲ့ နေအိမ် ဇူလိုင် ၂၆ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်က လက်လုပ်ဗုံးနဲ့ ပစ်ခံရတယ်လို့ သိရပါတယ်။

ဆိုင်ကယ်တစ်စီးနဲ့ လူ ၂ ယောက်က ပစ်သွားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာနဲ့ ကြီးကြီးမားမား ထိခိုက်ပျက်စီးတာ မရှိခဲ့ဘူးလို့ ရပ်ကွက်နေ ပြည်သူတချို့ က ပြောပါတယ်။

“ပေါက်ကွဲသံကတော့ အကျယ်ကြီးကြားလိုက်ရတယ်။ လူထိခိုက်တာတော့မရှိဘူး။ ဝန်းခတ်ထားတာလေး ပျက်စီးတာ။ ပေါက်ကွဲတာက ပြင်းတယ်။ ပတ်ဝန်းကျင်က သံတံခါးတွေတောင် ပေါက်သွားတယ်။ “ လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ ကား ၂ စီး နဲ့ ရောက်လာပြီး စစ်ဆေးတာတွေလုပ်ကာ ပြန်သွားကြတယ်လို့ သိရပါတယ်။

5 months Ago
Up