တန်ဇန်နီးယား အထွေထွေရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျွန်မာဂူဗူလီ ပြန်အရွေးခံရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၃၀ ရက်မှာ ကြေညာပါတယ်။
အောက်တိုဘာ ၂၈ ရက်က လုပ်တဲ့ရွေးကောက်ပွဲမှာ သမ္မတ မာဂူဗူလီက မဲအရေအတွက် ၁၂ ဒသမ ၅ သန်း ရရှိပြီး သူရဲ့ အဓိကပြိုင်ဘက် ချန်ဒယ်မာပါတီက တွန်ဒူလီဆူကတော့ မဲအရေအတွက် ၁ ဒသမ ၉ သန်းရရှိတယ်လို့ ကော်မရှင်က ဆိုပါတယ်။
ဒီရွေးကောက်ပွဲမှာ မူမမှန်တာတွေ အများအပြားရှိတာမို့ အယောင်ဆောင် ရွေးကောက်ပွဲသာ ဖြစ်တယ်ဆိုပြီး အတိုက်အခံပါတီက ပယ်ချထားပါတယ်။
အတိုက်အခံခေါင်းဆောင် လီဆူကတော့ ရွေးကောက်ပွဲရလဒ်ကို လက်ခံမှာ မဟုတ်ဘူးလို့ အစောပိုင်းမှာ ပြောဆိုထားပါတယ်။
အောက်တိုဘာလ ၂၉ ရက်မှာတော့ ဇန်ဇီဘာဒေသမှာ အတိုက်အခံပါတီဝင် ဒါဇင်ချီ အဖမ်းခံရပြီး အဲဒီထဲက တစ်ယောက်ထက်မနည်းဟာ ရဲတွေ ရိုက်နှက်လို့ရတဲ့ ဒဏ်ရာ အများအပြားနဲ့ ဆေးရုံတင်ထားရပါတယ်။
အထွေထွေရွေးကောက်ပွဲမှာ ဇန်ဇီဘာဒေသက အဓိကအတိုက်အခံပါတီ ခေါင်းဆောင် ဂျီတော်ကာဘွယ်၊ အေစီဒီ ဝါဇာလန်ဒိုနဲ့ လွှတ်တော်ထဲ ရောက်နေတဲ့ ချန်ဒယ်မာပါတီ ခေါင်းဆောင်တို့ဟာလည်း လွှတ်တော်အမတ်နေရာတွေမှာ အာဏရပါတီကို ရှုံးနိမ့်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago