လက်ရှိချန်ပီယံ

November 2, 2019

လက်ရှိချန်ပီယံ ပီအက်စ်ဂျီ တန်းဆင်းဇုန်ထဲက ဒီဂျွန်းအသင်းကို ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပြင်သစ်လီဂူး အမှတ်ပေးပွဲစဉ်မှာ လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ အဝေးကွင်းမှာ တန်းဆင်းဇုန်ထဲက ဒီဂျွန်းအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။  ဒီပွဲမှာ ပီအက်စ်ဂျီက တိုက်စစ်မှူး အမ်ဘာပေးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီဂျွန်းက ချေပဂိုးတွေကို ဒုတိယပိုင်းမှာ ဆက်တိုက်သွင်းယူပါတယ်။  ဒီပွဲမှာ ချန်ပီယံ ပီအက်စ်ဂျီအသင်း ဘောလုံးပိုင်ဆိုင်မှု သာပေမယ့်လည်း ဂိုးပေါက် ကန်သွင်းမှုမှာတော့ ဒီဂျွန်းက အကြိမ်ရေ ပိုများခဲ့ပါတယ်။  အခုရှုံးပွဲဟာ ပီအက်စ်ဂျီအတွက်တော့ ဒီနှစ်ရာသီ အမှတ်ပေးလိဂ်မှာ တတိယမြောက် ရှုံးပွဲလည်း ဖြစ်ပါတယ်။
2 years Ago

October 13, 2019

အက်တမ်ဝိတ်တန်းပြိုင်ပွဲတွင် လက်ရှိချန်ပီယံ အန်ဂျလာလီ အနိုင်ရ

ONE Championship စင်ကျူရီပွဲ ပထမပိုင်းရဲ့ အဓိကပွဲစဉ်ဖြစ်တဲ့အမျိုးသမီး အက်တမ်ဝိတ်တန်းပြိုင်ပွဲမှာတော့ လက်ရှိချန်ပီယံ အန်ဂျလာလီပဲ ၅ ချီမြောက်မှာ ပြိုင်ဘက်ကို လည်ပင်းချုပ်ကွက်နဲ့ အနိုင်ယူသွားခဲ့ပြီး ချန်ပီယံခါးပတ်ကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။  ပြိုင်ဘက်ဟောင်းတွေပီပီ ပွဲစတာနဲ့ အနိုင်ရရှိဖို့အတွက် အားအကုန်ပညာအကုန်ထုတ်သုံးပြီး တိုက်ခိုက်လာခဲ့ပြီး တရုတ်နိုင်ငံသူ ဂျောင်ဂျင်နမ်ရဲ့ လက်သီးချက်တချို့ကလည်း စင်ကာပူက အန်ဂျလာလီကိုအထိနာစေခဲ့ပါတယ်။  ပွဲကစားချိန်ကြာလာတာနဲ့အမျှ ဂျောင်ဂျင်နမ်ဟာ အန်ဂျလာလီရဲ့ ချုပ်ကွက်တွေအောက်မှာပဲ ရုန်းကန်နေခဲ့ရပါတယ်။  ပဉ္စမအချီအရောက်မှာတော့ အန်ဂျလာလီဟာ ဂျောင်ဂျင်နမ်ကို သူ့ရဲ့ နာမည်ကျော် ချုပ်ကွက်တွေနဲ့ အသားစီးယူခဲ့ပါတယ်။  နောက်ကျောကနေ လည်ပင်းကိုချုပ်နိုင်ချိန်မှာတော့ ဂျောင်ဂျင်နမ်အနေနဲ့ လက်လျှော့ခဲ့တာကြောင့် ဒိုင်ပွဲရပ်နဲ့ အန်ဂျလာလီ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။  သူတို့နှစ်ဦးဟာ အခုနှစ်မတ်လက ကျင်းပခဲ့တဲ့ ONE:NEW ERA မှာလည်း တစ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး အဲ့အချိန်က အန်ဂျလာလီက ဂျောင်ဂျင်နမ်ရဲ့ စတောဝိတ်ချန်ပီယံ ခါးပတ်ကို စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။  အဲဒီပွဲမှာတော့ ဂျောင်ဂျင်နမ်ရဲ့ အားပါပြီးပြင်းထန်တဲ့လက်သီးချက်တွေကို မခံနိုင်ခဲ့လို့ အန်ဂျလာလီအနေနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အလဲထိုးနဲ့ အရှုံးပေးခဲ့ရပေမယ့် အခုစင်ကျူရီပွဲမှာတော့ ဂျောင်ဂျင်နမ်ရဲ့ လက်သီးချက်တွေကို  ပါးပါးနပ်နပ် ရှာင်တိမ်းသွားပြီး မြေပြင်ချုပ်ကွက်နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်သွားခဲ့တာ ဖြစ်ပါတယ်။  အစောပိုင်းပွဲစဉ်ဖြစ်တဲ့ လိုက်ဝိတ်ကမ္ဘာ့ဂရန်းပရစ်ခ် ဖိုင်နယ်မှာလည်း အန်ဂျလာလီရဲ့ မောင်ဖြစ်သူ ခရစ္စတီယန်လီဟာ ပြိုင်ဘက် တူရီကီနိုင်ငံသား ဆေးဂစ်ဒါဂီဂူဆင် အာဆလာနာလိဗ်ကို ဒိုင်တွေရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်နဲ့ အနိုင်ရရှိပြီး လိုက်ဝိတ် ကမ္ဘာ့ဂရန်းပရစ်ခ် ချန်ပီယံဖြစ်ခဲ့ပါတယ်။  ဝမ်းလိုက်ဝိတ်ချန်ပီယံဖြစ်ထားတဲ့ ခရစ္စတီယန်လီကတော့ အခုဂရန်းပရစ်ခ်ပွဲမှာ ချန်ပီယံထပ်ဖြစ်ခဲ့လို့ ခါးပတ်နှစ်ခုချန်ပီယံဖြစ်လာခဲ့သလို လိုက်ဝိတ်ဘုရင်လို့ ချီးကျူးခေါ်ဝေါ် ခဲ့ကြပါတယ်။
2 years Ago
Up