ဘရာဇီးနိုင်ငံ အမေဇုန်ဒေသက ဆာတီမော်ဝီ ဌာနေတိုင်းရင်းသားတွေဟာ ပုံမှန်အသက်မွေးလုပ်ငန်းဖြစ်တဲ့ လက်မှုထည်တွေ ထုတ်လုပ်ရောင်းချရာကနေ အခုအခါမှာတော့ နှာခေါင်းစည်းတွေ ပြောင်းလဲ ချုပ်လုပ်နေပါတယ်။
သူတို့ နေထိုင်ရာ မန်နောင့်စ်မြို့အထိ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့လာတာမို့ ဌာနေတိုင်းရင်းသားတွေ ကိုယ်တိုင် နှာခေါင်းစည်းတွေချုပ်ပြီး ဗိုင်းရပ်စ်ရန်ကို ကာကွယ်ဖို့ ကြိုးစားနေတာပါ။
အသက် ၂၃ နှစ်အရွယ် ဌာနေတိုင်းရင်းသူတဦးကလည်း သူတို့မျိုးနွယ်စုဝင်တွေ အားလုံးအတွက် နှာခေါင်းစည်း ချုပ်နေပြီး ဒီနည်းနဲ့ ကာကွယ်နိုင်တယ်လို့ ပြောဆိုပါတယ်။
ဒါ့အပြင် နှာခေါင်းစည်းချုပ်လုပ်တာက ဈေးတွေပိတ်လို့ လျော့သွားတဲ့ ဝင်ငွေတွေကို ပြန်ဖြည့်ပေးမယ့် နည်းလမ်းအဖြစ် သူတို့ တွေ့ရှိသွားပါတယ်။
အခုအခါမှာတော့ ဆာတီမော်ဝီ ဌာနေတိုင်းရင်းသားတွေဟာ နှာခေါင်းစည်းတွေကို ပိုမိုချုပ်လုပ်နေပြီး သူတို့မျိုးနွယ်စုပြင်ပက တခြားဒေသခံတွေကို နှာခေါင်းစည်း တခု ရီရယ် ၅ ဒေါ်လာနဲ့ ရောင်းချနေပါတယ်။
လက်တင်အမေရိကနိုင်ငံတွေထဲမှာ ဘရာဇီးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံးရှိပြီး ကူးစက်ခံရသူ ၆၃,၀၀၀ ကျော် ရှိပါတယ်။
သေဆုံးသူကတော့ ဧပြီ ၂၆ ရက်အထိ ၄,၂၀၀ ကျော်သွားပြီလို့ ရိုက်တာသတင်းအရ သိရပါတယ်။
10 months Ago