လက်မထပ်ဘဲ လိင်ဆက်ဆံမှု

September 24, 2019

လက်မထပ်ဘဲ လိင်ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်မည့် ဥပဒေသစ်ကို အင်ဒိုနီးရှားအစိုးရ ပြန်သုံးသပ် 

အင်ဒိုနီးရှားအစိုးရဟာ လက်မထပ်ဘဲ လိင်ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ပြစ်ဒဏ်စီရင်မယ့် ပြစ်မှုဆိုင်ရာ ဥပဒေသစ်ကို ပြန်သုံးသပ်ခိုင်းထားတယ်လို့ ဘာလီကျွန်းရဲ့ ဒုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီဥပဒေမူကြမ်းကို ကမ္ဘာလှည့်ခရီးသည်တွေ၊ လူ့အခွင့်အရေးအုပ်စုတွေနဲ့ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်တွေက ဆန့်ကျင်တုံ့ပြန် ထောက်ပြနေကြတာပါ။ ဒီဥပဒေမူကြမ်းမှာ လက်မထပ်ဘဲ လိင်ဆက်ဆံမှုနဲ့ လိင်တူဆက်ဆံမှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။ အဆိုပြုထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေမူကြမ်းကို လွှတ်တော်မှာ မဲပေးဖို့ စီစဉ်ထားတဲ့နေ့ကို အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက  ရွှေ့ဆိုင်းထားခဲ့ပါတယ်။ အုပ်စုအမျိုးမျိုးဆီက တုံ့ပြန်ချက်တွေကို ရအပြီးမှာ ပြစ်မှုဆိုင်ရာ ဥပဒေ ပိုဒ်ခွဲ ၁၄ ခုကို ပြန်သုံးသပ်ဖို့ လိုသေးတယ်၊ လွှတ်တော်မတင်ခင် ပြီးပြည့်စုံတဲ့ ဥပဒေမူကြမ်း ဖြစ်သင့်တယ်လို့ သမ္မတက သူ့ရဲ့ တရားရေးဝန်ကြီးကို ပြောပါတယ်။  ဒါကြောင့် ရှေးရိုးစွဲ မွတ်စလင်တွေက ပြစ်တင်ရှုတ်ချခဲ့ကြပြီး တချို့ကတော့ စိတ်သက်သာရာ ရခဲ့ကြပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကိုယ်စားလှယ်တွေက ဒီဥပဒေမူကြမ်းဟာ ခရီးသွားလုပ်ငန်းကို ထိခိုက်စေမယ်လို့ ပြောပါတယ်။  သြစတြေးလျအစိုးရကလည်း သူ့နိုင်ငံသားတွေ အင်ဒိုနီးရှား ဥပဒေသစ်ကြောင့် ရာဇဝတ်သင့်မှာစိုးလို့ ခရီးသွားအကြံပြုချက် ထုတ်ပြန်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ သြစတြေးလျနိုင်ငံသားတွေ အများအပြား လည်ပတ်ရာ ဈေးကွက်တရပ်ပါ။ သမ္မတရဲ့ လမ်းညွှန်ချက်ကို လူ့အခွင့်အရေး အုပ်စုတွေက ကြိုဆိုလိုက်ပြီး ဥပဒေမူကြမ်းကို အတူတကွ ဖျက်သိမ်းဖို့ သမ္မတကို တိုက်တွန်းနေပါတယ်။ ကမ္ဘာ့မွတ်စလင် ဦးရေ အများဆုံးနိုင်ငံ ဖြစ်တဲ့ အင်ဒိုနီးရှားမှာ ခရစ်ယာန်၊ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင် လူနည်းစုတွေလည်း နေထိုင်ကြပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version လက္မထပ္ဘဲ လိင္ဆက္ဆံမႈကို ရာဇဝတ္မႈအျဖစ္ သတ္မွတ္မည့္ ဥပေဒသစ္ကို အင္ဒိုနီးရွားအစိုးရ ျပန္သုံးသပ္  DVB အင္ဒိုနီးရွားအစိုးရဟာ လက္မထပ္ဘဲ လိင္ဆက္ဆံမႈကို ရာဇဝတ္မႈအျဖစ္ သတ္မွတ္ၿပီး ျပစ္ဒဏ္စီရင္မယ့္ ျပစ္မႈဆိုင္ရာ ဥပေဒသစ္ကို ျပန္သုံးသပ္ခိုင္းထားတယ္လို႔ ဘာလီကြၽန္းရဲ႕ ဒုအုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ ဒီဥပေဒမူၾကမ္းကို ကမာၻလွည့္ခရီးသည္ေတြ၊ လူ႔အခြင့္အေရးအုပ္စုေတြနဲ႔ ခရီးသြားလုပ္ငန္း ကိုယ္စားလွယ္ေတြက ဆန႔္က်င္တုံ႔ျပန္ ေထာက္ျပေနၾကတာပါ။ ဒီဥပေဒမူၾကမ္းမွာ လက္မထပ္ဘဲ လိင္ဆက္ဆံမႈနဲ႔ လိင္တူဆက္ဆံမႈေတြကို ရာဇဝတ္မႈအျဖစ္ သတ္မွတ္ထားပါတယ္။ အဆိုျပဳထားတဲ့ ျပစ္မႈဆိုင္ရာ ဥပေဒမူၾကမ္းကို လႊတ္ေတာ္မွာ မဲေပးဖို႔ စီစဥ္ထားတဲ့ေန႔ကို အင္ဒိုနီးရွား သမၼတ ဂ်ိဳကိုဝီဒိုဒိုက  ေ႐ႊ႕ဆိုင္းထားခဲ့ပါတယ္။ အုပ္စုအမ်ိဳးမ်ိဳးဆီက တုံ႔ျပန္ခ်က္ေတြကို ရအၿပီးမွာ ျပစ္မႈဆိုင္ရာ ဥပေဒ ပိုဒ္ခြဲ ၁၄ ခုကို ျပန္သုံးသပ္ဖို႔ လိုေသးတယ္၊ လႊတ္ေတာ္မတင္ခင္ ၿပီးျပည့္စုံတဲ့ ဥပေဒမူၾကမ္း ျဖစ္သင့္တယ္လို႔ သမၼတက သူ႔ရဲ႕ တရားေရးဝန္ႀကီးကို ေျပာပါတယ္။ ဒါေၾကာင့္ ေရွး႐ိုးစြဲ မြတ္စလင္ေတြက ျပစ္တင္ရႈတ္ခ်ခဲ့ၾကၿပီး တခ်ိဳ႕ကေတာ့ စိတ္သက္သာရာ ရခဲ့ၾကပါတယ္။ ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္းကိုယ္စားလွယ္ေတြက ဒီဥပေဒမူၾကမ္းဟာ ခရီးသြားလုပ္ငန္းကို ထိခိုက္ေစမယ္လို႔ ေျပာပါတယ္။ ၾသစေၾတးလ်အစိုးရကလည္း သူ႔ႏိုင္ငံသားေတြ အင္ဒိုနီးရွား ဥပေဒသစ္ေၾကာင့္ ရာဇဝတ္သင့္မွာစိုးလို႔ ခရီးသြားအႀကံျပဳခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ အင္ဒိုနီးရွားႏိုင္ငံဟာ ၾသစေၾတးလ်ႏိုင္ငံသားေတြ အမ်ားအျပား လည္ပတ္ရာ ေဈးကြက္တရပ္ပါ။ သမၼတရဲ႕ လမ္းၫႊန္ခ်က္ကို လူ႔အခြင့္အေရး အုပ္စုေတြက ႀကိဳဆိုလိုက္ၿပီး ဥပေဒမူၾကမ္းကို အတူတကြ ဖ်က္သိမ္းဖို႔ သမၼတကို တိုက္တြန္းေနပါတယ္။ ကမာၻ႔မြတ္စလင္ ဦးေရ အမ်ားဆုံးႏိုင္ငံ ျဖစ္တဲ့ အင္ဒိုနီးရွားမွာ ခရစ္ယာန္၊ ဟိႏၵဴနဲ႔ ဗုဒၶဘာသာဝင္ လူနည္းစုေတြလည္း ေနထိုင္ၾကပါတယ္။
2 years Ago
Up