လက်ဘနွန်ဝန်ကြီးချုပ်

A d v e r t i s e m e n t With Us

October 23, 2020

အယ်ဟာရီရီ လက်ဘနွန်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံရ၊ နိုင်ငံအကျပ်အတည်းဖြေရှင်းမည်ဟု ကတိပြု

လစ်ဟာနေတဲ့ လက်ဘနွန်ဝန်ကြီးချုပ်အဖြစ်  ဝန်ကြီးချုပ်ဟောင်း  ဆာအက် အယ်ဟာရီရီ ကို အောက်တိုဘာ ၂၂ ရက်မှာ ၄  ကြိမ်မြောက် ခန့်အပ်လိုက်ပါတယ်။   ဝန်ကြီးချုပ် ဟာရီရီက ပြည်တွင်းစစ်နောက်ပိုင်း နိုင်ငံရဲ့ အဆိုးရွားဆုံး အကျပ်အတည်းကို ဖြေရှင်းနိုင်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။  ဟာရီရီက ပညာရှင်တွေပါဝင်တဲ့ အစိုးရတစ်ဖွဲ့ကို အမြန်ဖွဲ့စည်းပြီး စီးပွားရေးနဲ့ ဘဏ္ဍာရေးပြုပြင်ရေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။  ဒီပြုပြင်ပြောင်းလဲမှုတွေဟာ နိုင်ငံခြားအထောက်အပံ့ရနိုင်တဲ့ ပြင်သစ်လမ်းညွှန်မြေပုံမှာ ချမှတ်ထားတာ ဖြစ်ပါတယ်။  ဒါပေမဲ့ ဝန်ကြီးချုပ် ဟာရီရီဟာ အစိုးရအဖွဲ့ကို သဘောတူမယ့် ဂိုဏ်းဂဏစွဲ နိုင်ငံရေးကို ထိန်းကျောင်းဖို့ စိန်ခေါ်မှုကြီးတွေကို ရင်ဆိုင်ရမှာပါ။  အဲဒီနောက်မှာတော့ သူဟာ ဘဏ်လုပ်ငန်းအကျပ်အတည်း၊ ငွေကြေးကျိုးပျက်မှု၊ ဆင်းရဲ မွဲတေမှု မြင့်တက်လာတာနဲ့ နိုင်ငံ့ကြွေးမြီစတဲ့ ပြဿနာတွေကို ဖြေရှင်းရမယ်လို့ ရိုက်တာက သုံးသပ်ထားပါတယ်။   
5 months Ago

September 26, 2020

လက်ဘနွန်ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်

လက်ဘနွန် ဘက်မလိုက်အစိုးရဖွဲ့စည်းရေး တစ်လနီးပါး ကြိုးပမ်းပြီးနောက် ခန့်အပ်ခံ ဝန်ကြီးချုပ်ဟာ စက်တင်ဘာ ၂၅ ရက်က ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။  သြဂုတ် ၃၁ ရက်က  ဂျာမနီနိုင်ငံဆိုင်ရာ  သံအမတ်ကြီးဟောင်း  မူစတာဖာ-အဒစ်ကို အစိုးရဖွဲ့ရေးအတွက် ဝန်ကြီးချုပ် ခန့်အပ်ခဲ့တာပါ။   မွတ်စလင်နဲ့ ခရစ်ယာန်အကြား အာဏာခွဲဝေယူကြပြီး  နိုင်ငံရေးသမားတွေ  ဂိုဏ်းဂဏ အစွဲကြီးတဲ့ လက်ဘနွန်နိုင်ငံမှာ ဝန်ကြီးချုပ် အဒစ်ဟာ  ပညာရှင်တွေပါဝင်တဲ့ အစိုးရဖွဲ့ရေးကို ကြိုးပမ်းခဲ့ပါတယ်။  ဒါပေမဲ့လည်း အစိုးရအဖွဲ့ဝင်တွေ ခန့်အပ်ရေး အထူးသဖြင့် ဘဏ္ဍာရေးဝန်ကြီးနေရာ ခန့်အပ်ရေးနဲ့ပတ်သက်ပြီး သူရဲ့ကြိုးပမ်းချက်တွေ  သဲထဲရေသွန်ဖြစ်သွားခဲ့ပါတယ်။ ပြည်တွင်းစစ်နောက်ပိုင်း အဆိုးဆုံးအခြေအနေကို ဖြေရှင်းဖို့ ဂိုဏ်းဂဏတွေကြား စည်းလုံးကြဖို့ ပြင်သစ်နိုင်ငံက ဖိအားပေးနေတဲ့ကြားက လက်ဘနွန်အစိုးရဖွဲ့ရေးဟာ ပျက်ပြား ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
5 months Ago
Up