လက်ဘနွန်စစ်တပ်

August 29, 2019

အစ္စရေးဒရုန်း ၃ စင်းကို လက်ဘနွန်စစ်တပ် ပစ်ခတ်

သြဂုတ်လ ၂၈ ရက်နေ့မှာ လက်ဘနွန်လေကြောင်းပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ အစ္စရေးဒရုန်း ၃ စင်းကို လက်ဘနွန်စစ်တပ်က M16 ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး အစ္စရေး လေပိုင်နက်ထဲ ပြန်လှည့်သွားကြတယ်လို့ လက်ဘနွန်စစ်တပ်က ပြောပါတယ်။ လက်ဘနွန်လေကြောင်း ပိုင်နက်ထဲကို အစ္စရေး လေယာဉ်တွေ မကြာခဏ ဝင်လာလေ့ရှိပေမယ့် လက်ဘနွန်စစ်တပ်က အခုလို ပြန်ပစ်ခတ်တဲ့ လုပ်ရပ်ကတော့ ရှားပါတယ်။ လေကြောင်းပိုင်နက် ကျူးကျော်တဲ့ အစ္စရေးရဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ လက်ဘနွန်က ကုလသမဂ္ဂမှာ ထပ်တလဲလဲ တိုင်ကြားခဲ့ပါတယ်။ မနေ့ညပိုင်းက အစ္စရေးနဲ့ နယ်စပ်ကနေ လက်ဘနွန် ပိုင်နက်ထဲကို စုစုပေါင်း ဒရုန်း ၃ စင်း ဝင်လာခဲ့ပြီး အဲဒီထဲက ၂ စင်းကို လက်ဘနွန်စစ်တပ်က ပစ်ခတ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ၃ စင်းစလုံး အစ္စရေး ပိုင်နက်ထဲ ပြန်သွားခဲ့တယ်လို့ လက်ဘနွန်စစ်တပ်က ပြောပါတယ်။ လက်ဘနွန် စစ်တပ်မှာ လေကြောင်းရန် ကာကွယ်ရေးစနစ် မရှိပါဘူး။ မကြာသေးခင်ကလည်း လက်ဘနွန်တောင်ပိုင်းကို ဝင်ရောက်လာတဲ့ အစ္စရေး ဒရုန်း ၂ စင်း ပျက်ကျခဲ့ပါသေးတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး လက်ဘနွန်အနေနဲ့ ကိုယ့်နိုင်ငံကိုယ် ကာကွယ်ခွင့်ရှိတယ်လို့ လက်ဘနွန်သမ္မတ မီရှဲယ်အာဝန်က ပြီးခဲ့တဲ့ရက်ပိုင်းက ပြောပါတယ်။ လက်ဘနွန်တောင်ပိုင်းဒေသဟာ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟီဘိုလာအဖွဲ့ ထိန်းချုပ်ထားနဲ့ နယ်မြေ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်အပြီး မြေပြင်အခြေအနေက အေးအေးဆေးဆေးပဲလို့ နယ်စပ်က မျက်မြင်သက်သေတယောက်က ပြောပါတယ်။ အစ္စရေး စစ်တပ် ပြောခွင့်ရကတော့ အစီရင်ခံစာတွေကို စစ်ဆေးနေဆဲလို့ ပြောပါတယ်။
အစၥေရးဒ႐ုန္း ၃ စင္းကို လက္ဘႏြန္စစ္တပ္ ပစ္ခတ္ DVB ၾသဂုတ္လ ၂၈ ရက္ေန႔မွာ လက္ဘႏြန္ေလေၾကာင္းပိုင္နက္ထဲ က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ အစၥေရးဒ႐ုန္း ၃ စင္းကို လက္ဘႏြန္စစ္တပ္က M16 ႐ိုင္ဖယ္ေသနတ္နဲ႔ ပစ္ခတ္ခဲ့ၿပီး အစၥေရး ေလပိုင္နက္ထဲ ျပန္လွည့္သြားၾကတယ္လို႔ လက္ဘႏြန္စစ္တပ္က ေျပာပါတယ္။ လက္ဘႏြန္ေလေၾကာင္း ပိုင္နက္ထဲကို အစၥေရး ေလယာဥ္ေတြ မၾကာခဏ ဝင္လာေလ့ရွိေပမယ့္ လက္ဘႏြန္စစ္တပ္က အခုလို ျပန္ပစ္ခတ္တဲ့ လုပ္ရပ္ကေတာ့ ရွားပါတယ္။ ေလေၾကာင္းပိုင္နက္ က်ဴးေက်ာ္တဲ့ အစၥေရးရဲ႕လုပ္ရပ္နဲ႔ ပတ္သက္လို႔ လက္ဘႏြန္က ကုလသမဂၢမွာ ထပ္တလဲလဲ တိုင္ၾကားခဲ့ပါတယ္။ မေန႔ညပိုင္းက အစၥေရးနဲ႔ နယ္စပ္ကေန လက္ဘႏြန္ ပိုင္နက္ထဲကို စုစုေပါင္း ဒ႐ုန္း ၃ စင္း ဝင္လာခဲ့ၿပီး အဲဒီထဲက ၂ စင္းကို လက္ဘႏြန္စစ္တပ္က ပစ္ခတ္ခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ၃ စင္းစလုံး အစၥေရး ပိုင္နက္ထဲ ျပန္သြားခဲ့တယ္လို႔ လက္ဘႏြန္စစ္တပ္က ေျပာပါတယ္။ လက္ဘႏြန္ စစ္တပ္မွာ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ မရွိပါဘူး။ မၾကာေသးခင္ကလည္း လက္ဘႏြန္ေတာင္ပိုင္းကို ဝင္ေရာက္လာတဲ့ အစၥေရး ဒ႐ုန္း ၂ စင္း ပ်က္က်ခဲ့ပါေသးတယ္။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး လက္ဘႏြန္အေနနဲ႔ ကိုယ့္ႏိုင္ငံကိုယ္ ကာကြယ္ခြင့္ရွိတယ္လို႔ လက္ဘႏြန္သမၼတ မီရွဲယ္အာဝန္က ၿပီးခဲ့တဲ့ရက္ပိုင္းက ေျပာပါတယ္။ လက္ဘႏြန္ေတာင္ပိုင္းေဒသဟာ အီရန္ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ဟီဘိုလာအဖြဲ႕ ထိန္းခ်ဳပ္ထားနဲ႔ နယ္ေျမ ျဖစ္ပါတယ္။ ဒီျဖစ္ရပ္အၿပီး ေျမျပင္အေျခအေနက ေအးေအးေဆးေဆးပဲလို႔ နယ္စပ္က မ်က္ျမင္သက္ေသတေယာက္က ေျပာပါတယ္။ အစၥေရး စစ္တပ္ ေျပာခြင့္ရကေတာ့ အစီရင္ခံစာေတြကို စစ္ေဆးေနဆဲလို႔ ေျပာပါတယ္။
2 years Ago
Up