လက်ဖက်ရည်ဆိုင်များ

June 11, 2020

ရန်ကုန်တွင် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ပြန်ဖွင့်ခွင့်ပြု 

ရန်ကုန်မြို့မှာ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ကျန်းမာရေးညွှန်ကြားချက်နဲ့ အညီ ဖွင့်လှစ် ရောင်းချဖို့  သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးနေပြီး သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီရင် ပြန်လည် ဖွင့်လှစ်ဖို့ ခွင့်ပြုပေးနေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကနေ  မေ ၁၆ ရက်က စတင်ပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ညွှန်ကြားချက်အတိုင်း စည်းကမ်းတကျနဲ့ ပြန်လည်ဖွင့်လှစ်ဖို့   သတ်မှတ်လိုက်ပြီးစည်းကမ်းချက်နဲ့ အညီ မလိုက်ပါက  ပထမအကြိမ် သတိပေးတာ၊ ဒုတိယအကြိမ် ဒဏ်ရိုက်တာ၊ တတိယအကြိမ် ကာလအကန့်အသတ်အထိ  ဆိုင်ပိတ်သိမ်းဖို့အထိ အရေးယူ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ လက်ရှိမှာ ဆိုင်တွေဘက်ကနေ သတ်မှတ်ချက်နဲ့အညီ ပြင်ဆင်ပြီးကြောင်း အကြောင်း ပြန်တာနဲ့ လိုက်လံစစ်ဆေးနေတာဖြစ်ပြီး သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီရင် ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုပေးနေတာပါ။ စားသောက်ဆိုင်တွေကို ကွင်းဆင်းစစ်ဆေးရာမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့  သတ်မှတ်ထားတဲ့အကွာအဝေးနေရာပြင်ဆင်မှု၊ လက်ဆေးဘေစင်ထားရှိမှု၊ ဆိုင်အတွင်း မဝင်မီ အပူချိန်တိုင်းကိရိယာနဲ့ စစ်ဆေးတာ၊ မီးဖိုချောင်သန့်ရှင်းထားမှု စတာတွေကို   အဓိကထားပြီး စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်မြို့က တချို့ လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကတော့ သတ်မှတ်ထားတဲ့   လူအကွာအဝေးနဲ့ ထိုင်နေတာမျိုး မဟုတ်ဘဲ ၄ ဦး၊ ၅ ဦးခန့် အထိ ဝိုင်းဖွဲ့ ထိုင်နေတာတွေလည်း ရှိနေပါတယ်။ ရန်ကုန်တိုင်း လှိုင်မြို့နယ်  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှာ ဦးဆောင်ပြီး  စားသောက်ဆိုင်အပါအဝင်  လက်ဖက်ရည်ဆိုင်၊ ကျန်းမာရေး စင်တာ၊ ထမင်းဆိုင်တွေကို  လိုက်လံစစ်ဆေးတာ ဇွန်လအတွင်းမှာပဲ ဆိုင်ပေါင်း ၃၀ ကျော် ရှိနေပါတယ်။ သတင်း - နန့်ခိုင် 
10 months Ago

May 21, 2020

ပုသိမ်မြို့တွင် ပြန်ဖွင့်သည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ စည်းကမ်းလိုက်နာမှု အားနည်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပြန်လည်ဖွင့်လှစ်ခွင့်ပြုတဲ့ ဆိုင်တွေမှာ တိုင်းအဆင့် COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ ညွန်ကြားချက်တွေကို လိုက်နာ ဆောင်ရွက်တာ အားနည်းနေတယ်လို့ ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးသက်နိုင်မျိုးက ပြောပါတယ်။ မြို့ပေါ်ရှိ စည်ပင်သာယာလိုင်စင်ပေးထားတဲ့ စားသောက်ဆိုင်တွေအနေဲ့ လက်ဖက်ရည်ဆိုင်တွေဟာ တိုင်းဒေသကြီးအစိုးရရဲ့ ထုတ်ပြန်ချက်တွေနဲ့ ကျန်းမာရေးဌာနထုတ်ပြန်ချက်တွေကို သိရှိလိုက်နာအောင် ခေါ်ယူလက်မှတ်ထိုးသွားမယ်လို့ ဆိုပါတယ်။ ဆိုင်တွေဖွင့်လှစ်ရာမှာ ဆိုင်အပြင်မှာ COVID-19 ရောဂါသတိပေး ဆိုင်းဘုတ်ထားရှိဖို့၊ ဆိုင်စားပွဲတွေ ၆ပေ ခြားဖို့၊ ဆိုင်ဝန်ထမ်းတွေ မျက်နှာကာတွေနဲ့ Maskတွေ၊  လက်အိတ်တွေ တပ်ဆင်ဖို့ ညွှန်ကြားထားပါတယ်။ လိုက်နာဆောင်ရွက်တာမရှိရင် ပထမအကြိမ်မှာ ဆိုင် ၃ ရက်ပိတ်မှာဖြစ်ပြီး ဒုတိယအကြိမ် ၁၀ ရက်နဲ့ တတိယအကြိမ်တွေ့ရှိပါက ဆိုင်ဖွင့်လှစ်ခွင့်ကို အကန့်အသတ်မရှိ ပိတ်သိမ်းမယ်လို့ ထုတ်ပြန်ထားပါတယ်။
11 months Ago
Up