လက်ဖက်ရည်ဆိုင်

May 15, 2022

မုံရွာမြို့ လက်ဖက်ရည်ဆိုင်တခုတွင် ဗုံးပေါက်ကွဲ၊ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းမုံရွာမြို့ ရတနာပုံရပ်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် မေ ၁၄ ရက်ညက ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မနေ့ညက  ၈ နာရီလောက်မှာ ရတနာပုံရပ်ကွက်ရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ဗုံးပေါက်တယ်။ အဲဒီ လက်ဖက်ရည်ဆိုင်ကို ဆယ်အိမ်မှူးတွေ လာထိုင်တာ တွေ့တယ်။ ဆယ်အိမ်မှူးတွေ ဦးနေထက်ဖြိုး (နယ်မြေ ၁၀)၊ ဦးအောင်လင်း (နယ်မြေ ၇)၊  ဦးပေါက်ဥ (ရတနာပုံရပ်ကွက်) တို့ ၃ ဦးထိုင်နေရာမှာ ဗုံးပေါက်ကွဲသွားတယ်၊ ဦးပေါက်ဥက သေဆုံးသွားတယ်။ ကျန် ၂ ဦးက ဒဏ်ရာရတယ်သွားတယ်” လို့ မျက်မြင်တဦးက ပြောပါတယ်။

မုံရွာမြို့ ရတနာပုံရပ်ကွက်က လက်ဖက်ရည်ဆိုင်ဗုံးပေါက်တာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင် တယ်ဆိုတာ မသိရှိရသေးပါဘူး။

ဒီနေ့ ညနေ ၃ နာရီမှာလည်း ရွှေဇလုပ်ရပ်ကွက်နေ ဦးကျော်တင်ဆိုသူ နေအိမ်မှာ သေနတ်နဲ့ ဝင်ရောက်ပစ်သတ်တာ ခံခဲ့တယ်လို့ သိရပါတယ်။

3 months Ago

February 15, 2022

သာကေတ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်မှုဖြစ်ပြီး အမျိုးသား ၁ ဦးသေ

ရန်ကုန်တိုင်း၊  သာကေတမြို့နယ်၊ ၇ ရပ်ကွက်ရှိ ကောင်းလက်ရာ လက်ဖက်ရည်ဆိုင်မှာ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၀ နာရီခွဲလောက်က ပစ်ခတ်မှုဖြစ်ပွားပြီး  အမျိုးသား တစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက  ကနဦးသိရပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသခံတဦးက “မနက် ၁၀ နာရီ ခွဲလောက်၊ အဲ့လူက လက်ဖက်ရည်ဆိုင်ထိုင်နေတာ၊ ဘယ်သူမှန်းမသိတဲ့ လူရောက်လာပြီး သေနတ်နဲ့  ၅ ချက် ပစ်တာ။ပစ်ပြီး ပြေးတာပဲ။” လို့ ပြောပါတယ်။

အခင်းဖြစ်ရာနေရာကို သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးကလည်း “သေနတ်သံတွေကြားပြီး လက်ဖက်ရည်ဆိုင်ထဲက သေနတ်သံဆိုလို့ သွားကြည့်တာ။ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ အမျိုးသားတစ်ဦးသေနေတာပဲတွေ့ခဲ့တာ” လို့ ပြောပါတယ်။

သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက်  စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကာ သေဆုံးသူက ဘယ်သူဖြစ်တယ် ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကိုတော့  လတ်တလောမသိရသေးဘူးလို့ ဆိုပါတယ်။

သာကေတမှာ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၃ နာရီကျော်ကလည်း ပေါက်ကွဲသံ ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

6 months Ago
More News
Up