လက်ပံတောင်း

A d v e r t i s e m e n t With Us

December 22, 2019

လက်ပံတောင်း ကြေးနီစီမံကိန်းလုပ်ငန်းခွင်တွင် တရုတ်နိုင်ငံသား ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်မှာ တရုတ်နိုင်ငံသားတဦး မတော်တဆဖြစ်ကာ သေဆုံးသွားတယ်လို့  ဆားလင်းကြီးရဲစခန်းက သိရပါတယ်။   သေဆုံးသူဟာ အသက် ၄၆ နှစ်အရွယ်ရှိ  မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ဝရိန်လုပ်သား  တရုတ်နိုင်ငံသား Hu Ben Hua ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၁ ရက် ညနေ ၄ နာရီကျော်ခန့်အချိန်က ကုမ္ပဏီကျောက်ထုတ်လုပ်ရေးကွင်း ကျင်းနှုတ်ခမ်း ၁၀ ပေ၊ ကျင်းဝ ၅ ၊ အမြင့် ၁၈ ပေရှိတဲ့ ကျောက်ကျင်းဟောင်းတခုထဲကို မတော်တဆ ပြုတ်ကျရာက မျက်ခုံး၊ ပါးတို့မှာ ပေါက်ပြဲပွန်းပဲ့ဒဏ်ရာနဲ့ နှာခေါင်း၊ နားတို့က သွေးထွက်ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးရုံ ပို့ဆောင်ရာမှာ သေဆုံးခဲ့တာလို့ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ သတင်းတွေအရ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့မရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။ 
1 year Ago
Up