လက်ပံတိုရေနံမှော်

January 26, 2021

လက်ပံတိုရေနံမှော်တွင် ရေနံသယ်ကား မီးလောင်ပြီး ယာဉ်မောင်း ၁ ဦး သေဆုံး

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သရက္ကန်ကျေးရွာအုပ်စု လက်ပံတိုရေနံမှော်မှာ ရေနံစိမ်းသယ် ၆ ဘီး ယာဉ်တစ်စီး ဇန်နဝါရီ ၂၅ မွန်းလွဲ  ၂ နာရီလောက်က  မီးလောင်မှုဖြစ်ပွားပြီး ယာဉ်မောင်း ၁ ဦးသေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ခြံပိုင်ရှင်ဦးအောင်မျိုးလင်းရဲ့ခြံထဲမှာ ယာဉ်မောင်း ထွန်းဦးက ရေနံစိမ်းတင်ဆောင်လာတဲ့ ‌ဟီးနိုးယာဉ်ပေါ်ကနေ ရေနံတွေကိုပန့်နဲ့ စုပ်ချနေစဉ် အင်ဂျင်စက်မီးပွားနဲ့ ရေနံငွေ့ ထိတွေ့ မီးလောင်မှုဖြစ်ခဲ့တာပါ။

နေခင်း ၂ နာရီလောက်မှာ  မီငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ၆ ဘီးယာဉ်၊ ဆီပန့်အင်ဂျင်နဲ့ယာဉ်ပေါ်ပါ ရေနံစိမ်းပီပါ အလုံး ၂၀ လောက် မီးလောင်ဆုံးရှုံးခဲ့လို့ ‌ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၅ သိန်းကျော်ခန့်ရှိတယ်လို့လည်း မြိုင်မြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းကို ရေပြာနယ်မြေရဲကင်းစခန်းမှာ မီးပေါ့ဆစွာ လုပ်ငန်းလုပ်ကိုင်မှု ရာဇသတ်ကြီးပုဒ်မနဲ့ အရေးယူထားပါတယ်။

သတင်း - ကိုလင်း(ချောက်)

4 months Ago

February 18, 2020

မကွေးတိုင်း လက်ပံတိုရေနံမှော် မီးလောင်

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ လက်ပံတိုကျေးရွာနဲ့ နှစ်မိုင်ခန့်အကွာ ငရဲအိုးချောက် ယာကွင်းထဲက ရေနံမှော်မှာ ဖေဖော်ဝါရီ ၁၇ ရက် နေ့ခင်း ၂ နာရီလောက်က  မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ လက်ပံတိုရဲကင်းစခန်း  ယာယီကင်းစခန်းမှူး ဒုရဲအုပ် သိန်းဇော်ထွန်းက “ဆီနဲ့ရေနဲ့ ခွဲတဲ့ ဘွိုင်လာအိုးကတဆင့် အပူလွန်ကဲပြီးလောင်တာ။ ဆုံးရှုံးမှုကတော့ မီးသတ်နဲ့ ညှိနှိုင်းနေတုန်းပဲ။ တွေ့တာက ပီပါခွန်လေးဘဲရှိတာ။ ရေနံစိမ်းကတော့ မီးလောင်တဲ့အထဲ ပါသွားတာ။ ရေနံသိုလှောင်ကျင်းက ၁၅ ပေပတ်လည်လောက်ရှိမယ်။ အဲဒီအထဲက ဆီဖင်ခြေကပ်လောက် ပါသွားတာပေါ့။ လောင်ချိန် နာရီဝက်ကျော်ကို ကျေးရွာအဖွဲ့နဲ့ မှော်သူမှော်သားတွေ ဝိုင်းငြှိမ်း လိုက်ရတယ်။ လူထိခိုက်မှုတော့ မရှိဘူး”လို့ ပြောပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး ရေနံတွင်းပိုင်ရှင် ကိုသန်းကို အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေပါတယ်။ ပေါက်မြို့နယ်ထဲက သရက်ကန်ရေနံမှော်မှာ ဇန်နဝါရီလအတွင်း ၄ ကြိမ်မြောက် မီးလောင်မှုဖြစ်ခဲ့ပြီး လူ ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ကိုလင်း (ချောက်)
1 year Ago
Up