လက်ပံတန်းမြို့

February 13, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ပံတန်းမြို့ဆန္ဒပြပွဲ ပြည်သူသောင်းချီပါဝင်

 

လက်ပံတန်းမြိုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ၆ ရက်မြောက်နေ့မှာ ပြည်သူတွေ အင်အားသောင်းချီ ဆက်လက်ဆန္ဒပြနေကြပါတယ်။

လက်ပံတန်းမြို့မှာ ညဘက်တွေမှာ လိုက်လံဖမ်းဆီးနေတာကြောင့် ဆန္ဒပြပွဲ ဦးဆောင်သူအချို့ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီနေ့ ဆန္ဒပြပွဲဟာ အရင်ရက်တွေထက် လူဦးရေမလျော့ဘဲ သောင်းချီတဲ့ ကျောင်းသား ပြည်သူတွေက ဆက်လက်  ဆန္ဒပြနေကြတာပါ။

သတင်း/ဓါတ်ပုံ ဝဏ္ဏထွန်း

4 months Ago

October 10, 2020

လက်ပံတန်းမြို့က မွေးမြူရေးငါးများ အဆိပ်မိသေဆုံးခြင်းမဟုတ်ဟု တာဝန်ရှိသူပြော

ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ မွေးမြူရေးငါးတွေ သေဆုံးတာဟာ အဆိပ်မိတာကြောင့်မဟုတ်ဘဲ ငါးကောင်ရေများပြီး အောက်စီဂျင်ပြတ်လပ်တာနဲ့ အစာအကျွေးလွန်တာကြောင့် သေဆုံးတာလို့ ငါးလုပ်ငန်းဦးစီးဌာနတာဝန်ရှိသူက ပြောပါတယ်။ ငါးတွေ အဆိပ်ချခံရပြီး သေဆုံးကြောင်းနဲ့ အဲဒီငါးတွေကို ဈေးကွက်ထဲမှာ ရောင်းချနေတာဟာ စားသုံးသူတွေအတွက် အန္တရာယ်ရှိကြောင်း ပြီးခဲ့တဲ့ နှစ်ရက်က လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့အပေါ် အခုလို ပြောကြားလိုက်တာပါ။ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းလွင်က “ဒီငါးကန်အတွင်းက ငါးတွေ သေဆုံးတာက ဆေးချခံရတာနဲ့ ရောဂါကြောင့်မဟုတ်ပါဘူး။ ငါးစထည့်တဲ့ အကောင်ရေ များတယ်၊ ငါးကုန်ချိန် ပိုတိုးအောင်ဆိုပြီး အစာတွေကို အလွန်အကျွံကျွေးတော့ ငါးတွေက အစာကုန်အောင် မစားနိုင်တော့တဲ့အခါ အစာကျန်တွေက ပုပ်သိုးညစ်ပတ်ပြီး ကန်ရဲ့ကြမ်းပြင်မှာ အဆိပ်အတောက်ဖြစ်ပေါ်လာတာကြောင့် အမိုးနီးယား မြင့်တက်​လာတယ်၊ ရေအရည်အသွေး ကျဆင်းလာတယ်၊ အဲဒါကြောင့် သေဆုံးတာဖြစ်တယ်။ ကျနော်တို့ ကွင်းဆင်းစစ်ဆေးကြည့်ပြီး ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ၁၀ ဧကရှိတဲ့ နတ်စင်ကုန်းကျေးရွာအုပ်စုကွင်းအမှတ် ၁၀၆၈ ငါးမွေးမြူရေးကန်မှာ ငါးတွေ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီကန်မှာ ငါးမြစ်ချင်း၊ ငါးတန်၊ ငါး​မုတ် စတဲ့ ငါးကောင်ရေ ၃ သောင်း ထည့်သွင်းမွေး​မြူထားပြီး ငါးကောင်ရေ ၂ သောင်းခွဲကျော် သေဆုံးခဲ့တာလို့ သိရပါတယ်။ သေဆုံးသွားတဲ့ ငါးတွေထဲမှ အချို့ကို ငါးပိပြုလုပ်ဖို့ ဒေသခံရွာသားတွေကို ပေးခဲ့ပြီး အသုံးပြုလို့ မရတော့တဲ့ ငါးသေတွေကိုတော့ မြေမြှုပ်ပစ်ခဲ့တယ်လို့  သိရပါတယ်။ သတင်း-ဝဏ္ဏထွန်း၊ ဓာတ်ပုံ-ငါးလုပ်ငန်းဦးစီးဌာန
8 months Ago
More News
Up