လက်ပစ်ဗုံးများ ဖမ်းမိ

August 10, 2019

ရသေ့တောင် ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်တွင် စိတ်ကြွဆေးပြား ၂ သန်းခွဲခန့်နှင့် လက်ပစ်ဗုံးများ ဖမ်းမိ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတဦးရဲ့နေအိမ်မှာ စိတ်ကြွဆေးပြား၂ သန်းခွဲလောက်၊ လက်ပစ်ဗုံး၊ မိုင်းနဲ့ လက်ကိုင်စကားပြောစက်တွေ ဖမ်းဆီးရမိတယ်လို တပ်မတော်က ဩဂုတ် ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ် ၈ ရက် နေ့လယ် ၁ နာရီခွဲလောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ရသေ့တောင်မြို့နယ် နယ်မြေ (၁၁) ရက်ခုံတိုင်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသာကျော်ရဲ့ နေအိမ်ကို သွားရောက်စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။ နေအိမ် အပေါ်ထပ် အိပ်ခန်းအတွင်းမှာ အဝါရောင်ပီနံအိတ်နဲ့ ထည့်ထားတဲ့ WY စိတ်ကြွဆေးပြား ၂၄၈၃၄၅၆ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅ ဘီလီယံခန့်)၊ ARAKAN ARMY လက်မောင်းတံဆိပ် ၁ စုံ၊ ရင်ဘတ်တံဆိပ် ၁ ခု၊ တရုတ်လက်ပစ်ဗုံး ၃၆ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၂ လုံး၊ Icom စကားပြောစက် ၅၂ လုံး၊ ရခိုင်ပြည်နယ်တံဆိပ်ပါ ဘေးလွယ်အိတ် ၁ လုံးအား သိမ်းဆည်းရမိခဲ့တာပါ။ ဦးစံသာကျော် (ဖမ်းမမိ) အား ဥပဒေနဲ့အညီ အမှုဖွင့်စစ်ဆေးပြီး ကွင်းဆက်တရားခံတွေ ဖော်ထုတ်ရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Zawgyi Version ရေသ့ေတာင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးအိမ္တြင္ စိတ္ႂကြေဆးျပား ၂ သန္းခြဲခန႔္ႏွင့္ လက္ပစ္ဗုံးမ်ား ဖမ္းမိ DVB ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္က ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတဦးရဲ႕ေနအိမ္မွာ စိတ္ႂကြေဆးျပား၂ သန္းခြဲေလာက္၊ လက္ပစ္ဗုံး၊ မိုင္းနဲ႔ လက္ကိုင္စကားေျပာစက္ေတြ ဖမ္းဆီးရမိတယ္လို တပ္မေတာ္က ဩဂုတ္ ၈ ရက္ေန႔မွာ သတင္းထုတ္ျပန္ပါတယ္။ ဩဂုတ္ ၈ ရက္ ေန႔လယ္ ၁ နာရီခြဲေလာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ ပူးေပါင္းအဖြဲ႕ဟာ သတင္းအရ ရေသ့ေတာင္ၿမိဳ႕နယ္ နယ္ေျမ (၁၁) ရက္ခုံတိုင္ေက်း႐ြာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးစံသာေက်ာ္ရဲ႕ ေနအိမ္ကို သြားေရာက္စစ္ေဆးရာမွ ဖမ္းဆီးမိခဲ့တာလို႔ ဆိုပါတယ္။ ေနအိမ္ အေပၚထပ္ အိပ္ခန္းအတြင္းမွာ အဝါေရာင္ပီနံအိတ္နဲ႔ ထည့္ထားတဲ့ WY စိတ္ႂကြေဆးျပား ၂၄၈၃၄၅၆ ျပား (ခန႔္မွန္းတန္ဖိုး ေငြက်ပ္ ၅ ဘီလီယံခန႔္)၊ ARAKAN ARMY လက္ေမာင္းတံဆိပ္ ၁ စုံ၊ ရင္ဘတ္တံဆိပ္ ၁ ခု၊ တ႐ုတ္လက္ပစ္ဗုံး ၃၆ လုံး၊ လက္လုပ္ေရွ႕ထြက္မိုင္း ၂ လုံး၊ Icom စကားေျပာစက္ ၅၂ လုံး၊ ရခိုင္ျပည္နယ္တံဆိပ္ပါ ေဘးလြယ္အိတ္ ၁ လုံးအား သိမ္းဆည္းရမိခဲ့တာပါ။ ဦးစံသာေက်ာ္ (ဖမ္းမမိ) အား ဥပေဒနဲ႔အညီ အမႈဖြင့္စစ္ေဆးၿပီး ကြင္းဆက္တရားခံေတြ ေဖာ္ထုတ္ရမိေရး ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။
2 years Ago
Up