လက်နက်ရှာဖွေတွေ့ရှိ

December 8, 2019

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲမတိုင်မီ သေနတ်နှင့်ကျည်ဆန်များ ဟောင်ကောင်ရဲ ရှာတွေ့

ဟောင်ကောင်ဒေသမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲမတိုင်ခင် နေရာတော်တော်များများကို ဝင်ရောက်စီးနင်းရာမှာ သေနတ် တလက်နဲ့ရာချီတဲ့ ကျည်ဆန်တွေ တွေ့ရှိခဲ့တယ်လို့ ဟောင်ကောင်ရဲ တပ်ဖွဲ့က ဒီဇင်ဘာ ၈ ရက်မှာ ပြောပါတယ်။  ဒါ့အပြင် အဲဒီလက်နက်ရှာဖွေတွေ့ရှိတာကို ရိုက်ကူးထားတဲ့ မှတ်တမ်းဗွီဒီယိုဖိုင်တခုကို လည်း ဟောင်ကောင်ရဲတပ်ဖွဲ့က  ထုတ်ဖော်ပြသခဲ့ပါတယ်။  “လက်နက်နဲ့ကျည်ဆန် ရှာဖွေတွေ့ရှိမှုအရ ဒါဟာ ဒီဇင်ဘာ ၈ ရက်နေ့ လူထုစုဝေးပွဲမှာ မငြိမ်သက်မှုတွေ လှုံ့ဆော်ဖို့အပြင် ရဲအရာရှိတွေကို တိုက်ခိုက်ဖို့ ဒါမှမဟုတ် အပြစ်မရှိတဲ့ ပြည်သူ တွေ ထိခိုက်ဒဏ်ရာရနိုင်တဲ့ အခြေအနေကို ဖန်တီးဖို့ဖြစ်တယ်လို့ ယူဆရကြောင်း” ဟောင်ကောင် ရဲတပ်ဖွဲ့ ပြောခွင့်ရ အရာရှိက ပြောပါတယ်။  ဟောင်ကောင်အစိုးရက ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြကြဖို့ ပြည်သူတွေကို တောင်းဆိုထားချိန်မှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ထောက်ခံရေး တနင်္ဂနွေလူထုစုဝေးပွဲအတွက် ဟောင်ကောင်သားတွေက ပြင်ဆင်နေကြတာပါ။  တရားခံလွှဲပြောင်းပေးရေး ဥပဒေမူကြမ်းပြဿနာကစလို့ ဟောင်ကောင်မှာ တရုတ်အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပွဲကြမ်းနေတာ ၆ လနီးပါးရှိနေပြီး ဆန္ဒပြပွဲတွေကို ကိုင်တွယ်ဖို့ အနုနည်း ရောအကြမ်းနည်းပါ သုံးပြီးချဉ်းကပ်မယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ ရဲမင်းကြီးက ဒီဇင်ဘာ ၇ ရက်နေ့မှာ ပြောပါတယ်။   
2 years Ago
Up