လက်နက်ပစ္စည်း

May 13, 2021

မူဆယ်တွင် ဆန္ဒပြလူငယ်အချို့ လက်နက်ပစ္စည်းတွေ့ရှိကြောင်း မတရားစွပ်စွဲ ကြေညာခံရ

မူဆယ်မြို့မှာ ဆန္ဒပြလူငယ်အချို့ လက်နက်ပစ္စည်းတွေ့ရှိကြောင်း မတရားစွပ်စွဲ ကြေညာခံ ရတယ်လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့မှာ မေ ၁၁ ရက်နေ့ မနက် ၉ နာရီဝန်းကျင်လောက်က ဖမ်းဆီးခံခဲ့ရတဲ့ ၂ ဦးမှာ ဆိုင်ကယ်သာပါပြီး လက်နက်ပစ္စည်းမပါပေမယ့် M - 22 ၅ လက်၊ လက်လုပ်မိုင်း ၁၆ လုံးနဲ့ ဖမ်းဆီးရမိကြောင်း မတရားစွပ်စွဲ ကြေညာခံခဲ့ရတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှ မောင်ရဲသုဝေလင်းကို မေလ ၁၂ ရက်​နေ့ ည ၈ နာရီ MWD သတင်းမှာ ၁၈ နှစ် မပြည့်သေးပေမယ့် ၁၈ နှစ်လို့ မှားယွင်းကြေညာခဲဲ့တယ်လို့ သူက ရှင်းပြပါတယ်။

မူဆယ်မှာ မေလ ၁၁ ရက်နေ့က မနက်ပိုင်းနဲ့ ညနေပိုင်းမှာ လူငယ် ၅ ဦး ဖမ်းဆီးခံခဲ့ရတယ် လို့ မျက်မြင်ဒေသခံဆီက ​သိရပါတယ်။

မူဆယ်မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန့်ကျင် ဆန္ဒပြတဲ့သူတွေ အများအပြား ဖမ်းဆီးခံရပြီး ပြန်လွှတ်ပေးခဲ့သူတွေလည်း ရှိပေမယ့် တရားစွဲဆိုခံထားရသူတွေ အများအပြား ရှိပါတယ်။

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေထဲမှာ ဉာဏ်ရည် မသန်စွမ်းသူ တစ်ဦး ပါဝင်နေတယ်လို့ ဖမ်းဆီးခံရသူနဲ့နီးစပ်သူက ပြောပါတယ်။

လက်ရှိ မူဆယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ပစ်ခတ် ဖြိုခွင်းတာကြောင့် လူငယ် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူတွေ လည်းရှိသလို ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ထားခံရသူတွေလည်း ရှိနေပါတယ်။

7 months Ago
Up