လက်နက်တပ်ဆင်

January 25, 2023

တောင်ပိုင်းစစ်ဒေသ ကျားသစ်နက်စစ်ကြောင်းကို NUG က လက်နက်တပ်ဆင်ပေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်းကို ဇန်နဝါရိ ၂၄ ရက် မနေ့က လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကြောင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂၄ ရက်၊ မနေ့က ပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဒေသခွဲ အမှတ် ၃ ရဲ့ ဒု-စစ်ဒေသမှူး စောရှားနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့က သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

အခမ်းအနားအပြီးမှာ ဒု-စစ်ဒေသမှူး စောရှားက ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျားသစ်နက်စစ်ကြောင်းက မွမ်းမံသင်တန်းဆင်းရဲဘော်တွေကလည်း လက်နက်ကိုင်တွယ် ဖြုတ်တပ် တာ၊  ပစ္စတို ပစ်ခတ်စဉ်တွေ၊ အခြေခံကိုယ်ခံပညာ တိုက်ကွက်တွေ၊ Closed Quarter Battle နဲ့ SQUAD အလိုက် လှုပ်ရှားမှုပစ်ခတ်စဉ်တွေ၊ လက်နက်အရှည်အသုံးပြုပြီး ရွေ့လျားပစ်ခတ်စဉ်တွေ၊ VIP ကာကွယ်မှု သက်တော်စောင့်တွေရဲ့ ဗျူဟာတွေ စတာတွေကို သရုပ်ပြခဲ့ကြသလို ပြည်ထောင်စု ဝန်ကြီးချုပ်က ဂုဏ်ပြုငွေ ၁၀ သိန်းပေးပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်ကလည်း တောင်ပိုင်းစစ်ဒေသခွဲ အမှတ် ၃ မှာရှိတဲ့ ဒေါနစစ်ကြောင်းရဲ့ မွမ်းမံသတင်တန်းဆင်းပွဲကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်း တက်ရောက်ခဲ့ပြီး လက်နက်တွေ ပေးအပ်ခဲ့ပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီအကြောင်းကို သီးခြား သတင်းထုတ်ပြန်တာမရှိပေမယ့် စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က “လက်တွေ့မြေပြင်မှာ အကုန်လုံး လွှမ်းခြုံမနိုင်သေးသေည်ငြား တခြားနေရာတွေမှာလည်း အင်နဲ့အားနဲ့ ထောက်ကူဆောင်ရွက် တပ်ဆင်လျက် ရှိပါတယ်။ သတင်းထုတ်ပြန်မှု အကန့်အသတ်အရ နေရာဒေသတချို့ကိုသာ တပ်ဆင်ပေးနေကြောင်း အသိပေးနေရပါတယ်” လို့ သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ပြောဆိုထားပါတယ်။

1 week Ago

September 16, 2021

အိမ်ထောင်သည်ရဲမေများပါ လက်နက်တပ်ဆင်ထားရန် စစ်ကောင်စီညွှန်ကြား

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာရှိနေတဲ့ စစ်ကောင်စီအမြောက်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF က ဦးတည်တိုက်ခိုက်မယ်ဆိုတဲ့သတင်းကြိုရတာကြောင့် အဲဒီပြည်နယ်တွေက တပ်စခန်းတွေ ဂရုစိုက်ဖို့နဲ့ အိမ်ထောင်သည် ရဲမေတွေကိုပါ လက်နက်တပ်ဆင် ပေးထားဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က‌ ညွှန်ကြားထားပါတယ်။

ညွှန်ကြားထားတဲ့ ကြေးနန်းထဲမှာ PDF တွေ တိုက်ခိုက်လာတဲ့အခါ ဘယ်လိုပြန်လည်တုန့်ပြန်မလဲဆိုတာကို တပ်နယ်မှူးတွေက မြေပြင်အခြေအနေကို သုံးသပ်ပြီး ရန်သူလုပ်ဆောင်လာနိုင်တဲ့နည်းလမ်း၊ ကိုယ့်ဘက်က ပြန်လည်တုံ့ပြန်တိုက်ခိုက်မယ့် နည်းလမ်း တွေကို စစ်တင်ဘာ ၁၅ ရက်နေ့ ပြန်တင်ပြဖို့ ဆိုတဲ့ အကြောင်းလည်း ပါရှိပါတယ်။ 

အဲဒီအပြင် လူလက်နက် ခဲယမ်း ဖွဲ့စည်းပုံနဲ့ လက်နက်တပ်ဆင်ထားမှု မြေပုံအစီအမံတွေကိုလည်း ပေးပို့ရမယ်လို့ ညွှန်ကြားခဲ့ပါတယ်။ 

1 year Ago
Up