လက်နက်ခဲယမ်

January 9, 2021

တာချီလိတ်တွင် ကျပ် ၃ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများ ဖမ်းမိ

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှာ ငွေကျပ် ၃ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တာချီလိတ်မြို့နယ်၊ ဖန်မင်-ဝှေလေလန် ကျေးရွာသွားကားလမ်းမှာ   ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၆ နာရီအချိန်လောက်က စိုင်းရွက် မောင်းနှင်လာတဲ့ Honda Fit အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှာ အိုက်စ် (မက်သာအဖက်တမင်း) ၁ ကီလို၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်အရ ည ၇ နာရီမှာ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာနေ အိုက်ခေါက်ရဲ့ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်း ရပ်တန့်ထားတဲ့ Fortuner အမျိုးအစား မော်တော်ယာဉ် နောက်ခန်းအတွင်းနဲ့ နေအိမ်မြေအောက်ခန်းအတွင်းတို့မှာ ပလတ်စတစ်အိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၆.၉ သိန်း၊ စိတ်ကြွရူးသွပ်ဆေးမှုန့် ၅၈ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၈၆.၅ ကီလို၊ ဘိန်းဖြူ ၂၃.၁ ကီလို၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၅၄ တောင့်နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး အိုက်ခေါက်ကိုတော့ အိမ်မှာမတွေ့ရဘူးလို့ ဆိုပါတယ်။

စိုင်းရွက် ၃၇ နှစ်၊ အိုက်ခေါက် (ဖမ်းမမိ) တို့အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းတယ်လို့ ဆိုပါတယ်။

1 year Ago

January 17, 2020

သိန်းနီမြို့နယ်တွင် ကျောက်လိုဏ်ဂူထဲက လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ရှမ်းပြည်မြောက်ပိုင်း၊ သိန်းနီမြို့၊ နမ့်ခိုက်ကျေးရွာ အနောက်တောင်ဘက်ကျောက်လိုဏ်ဂူ တခုအတွင်းကနေ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းက သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောပါတယ်။ သိန်းနီမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၁၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်လောက်မှာ နမ့်ခိုက်ကျေးရွာရဲ့ အနောက်တောင်ဘက် မီတာ ၄၀၀၀ အကွာအရောက်မှာ ၅ ပေပတ်လည်ရှိ ကျောက်လိုဏ်ဂူအတွင်း လျှို့ဝှက်သိမ်းဆည်းထားတဲ့ လက်နက်ခဲယမ်းတွေကို တွေ့ရှိခဲ့တာပါ။  အဲ့ဒီနယ်မြေက  ကေအိုင်အေနဲ့ တီအန်အယ်လ်အေ လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ ကေအိုင်အေရဲ့လက်နက်တွေလို့ ယူဆကြောင်းလည်း ပြောပါတယ်။  သိမ်းဆည်းရမိတဲ့အထဲမှာ  ၁၀၇ မမ အောက်ခံ ၃ ချောင်းထောက်ပစ်စင်တခု၊ ၁၀၇ မမ ဒုံးသီး ၆ လုံး၊ ၁၀၇ မမ ဒုံးသီးယမ်းတောင့် ၁၂ တောင့်၊ ၁၀၇ မမ အဝေးထိန်းရီမု ၁ ခု၊ ၁၀၇ မမ ဒုံးသီးထိပ်ဖူး ၂၂ လုံး ၊ အာပီဂျီ ဒုံးသီး ၁၀၈ လုံး ၊ အာပီဂျီ ဒုံးသီးယမ်းတောင့်၁၀၈ တောင့် ၊ ၄၀ မမဗုံး သီး ၂၉၉လုံး၊ ၆၀ မမ ဗုံးသီး ၁၂ လုံးနဲ့ ၆၀ မမ ဗုံးသီးယမ်းထုတ် ၆၀ တို့ပါဝင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆမ်မြို့နယ် ဟိုမိန်းကျေးရွာမှာ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) တံဆိပ်ပါတဲ့ အလံတွေ၊ စစ်အဝတ်အစားတွေနဲ့ လက်နက်ခဲယမ်းနဲ့ လေယာဉ်ပစ်ဒုံးတွေကို တောင်ယာတဲတခုကနေ တပ်မတော်က သိမ်းဆည်းရမိခဲ့ ပါတယ်။
2 years Ago
Up