လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

April 8, 2021

ရေးမြို့နယ်ရှိ ကေအန်ယူတပ်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

မွန်ပြည်နယ် ရေးမြို့နယ်မှာ ဧပြီ ၈ ရက် မနက် ၉ နာရီလောက်က မာန်အောင် ကျေးရွာချောင်းဖျားဒေသရှိ ကေအန်ယူတပ်စခန်းအနီးသို့ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုက ၄ကြိမ်မြောက်မှာ  မာန်အောင်ကျောက်မိုင်း ဘုန်းကြီးကျောင်း အပေါ်က တောင်ကုန်းတခုကို ထိမှန်ခဲ့တယ်လို့ဆိုပါတယ်။

အခုအဆက်သွယ်ရတဲ့အချိန်ထိ ကေအန်ယူတပ်စခန်းမှာ ကျည်ထိမှန်တာရှိသလို ကျေးရွာ လူနေအိမ်တချို့ပါ ကျည်ထိမှန်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတွေမရှိဘူးလို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

စစ်ကောင်စီဘက်နဲ့ ကေအန်ယူဘက်တို့ နှစ်ဘက်စလုံး အင်အားသုံး စစ်ရေး ပြင်းထန်လာခဲ့မှာကို စိုးရိမ်လို့ ဒေသခံတွေက ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အခုဆိုရင် တိုက်ပွဲဖြစ်ခဲ့တာ အခုရက်ပိုင်းက ၂ ရက်ဆက်တိုက် ဖြစ်ပွားနေခဲ့သလို အရပ်သား ၁ ဦးလည်း သေဆုံးခဲ့ပြီး ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

8 months Ago
Up