လက်နက်ကြီးကျ

November 12, 2022

မိုးမောက်မြို့ထဲ လက်နက်ကြီးကျသဖြင့် ပြည်သူ ၁ ဦး ဒဏ်ရာရ၊ အိမ် ၂ လုံး မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့မှာ နိုဝင်ဘာ ၁၁ ရက်က စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့ထဲ လက်နက်ကြီးကျလို့ ပြည်သူ တယောက် ထိမှန်ကာ အိမ် နှစ်လုံး မီးလောင်သွားတယ်လို့ ကေအိုင်အေတပ်နဲ့ နီးစပ်တဦးက ပြောပါတယ်။

မနေ့မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းကို စာသင်ကျောင်းအနီး ဗုံးခွဲခဲ့ရာမှ စစ်ကောင်စီတပ်က ပတ်ဝန်းကျင်တွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ကာ တိုက်ပွဲ စတင်ပြင်းထန်လာတာ လို့ ဆိုပါတယ်။

မြို့ပေါ်က ရပ်ကွက်ထဲ နေအိမ်တအိမ်အဝမှာ လက်နက်ကြီး ကျရောက် ပါက်ကွဲခဲ့တာကြောင့် ဗုံးခိုကျင်းထဲ ဝင်ပုန်းဖို့ ပြင်နေတဲ့ ပြည်သူ တယောက် လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ အကူအညီပေးခဲ့သူ တဦးက ပြောပါတယ်။ 

"ခါနန် ရပ်ကွက် ၃ ထဲက အိမ်ဝင်းထဲ လက်နက်ကြီးကျလို့ တယောက်ထိတယ်။" 

ထိခိုက်ဒဏ်ရာရသူမှာ အသက် ၂၃ နှစ်အရွယ် ကိုဘရန်အောင် ဖြစ်ပြီး  ခြေထောက်နှစ်ဖက် ထိခိုက်ဒဏ်ရာနဲ့  ပုခုံးမှာပါ ပေါက်သွားတယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေက ကတုတ်ကျင်း‌ထဲမှာပဲ ပုန်းနေကြပြီး စစ်ကောင်စီတပ်က မြို့ဘေးနားမှာ ဝန်းကျင်မှာရှိနေကြကာ ကေအိုင်အေနဲ့PDF အဖွဲ့ နဲ့ တော်တော် နီးကပ်နေတာကြောင့် အခြေအနေ တော်တော် တင်းမာနေဆဲ ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။ 

"အခြေအနေက နှစ်ဖက် တင်းမာနေတယ်။ ဒေသခံ ပြည်သူတွေ အားလုံးလည်း ထိတ်လန့် နေကြတယ်။" 

တခြားနေအိမ်တွေနဲ့ တိရစ္ဆာန် ထိခိုက်စီးတာတွေရှိပေမယ့် အတိအကျမသိရသေးပဲ နေအိမ် နှစ် လုံးတော့ စစ်ကောင်စီဘက်က မီးရှို့တာခံရကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ 

ဒေသခံ တဦးက "လူတော့ ရှောင်ထား လိုက်တော့ ဘာမှ မဖြစ်ဘူး။ အိမ်က နှစ်လုံး ပါသွားတယ်။ ဆိုင်က သူများဟာ။ အကုန်လုံး လောင်သွားတာ။" 

မီးလောင်တာကြောင့် ဒေသခံတွေက မီးသတ်ရုံးကို အကြောင်းကြားရာမှာတော့ စစ်တပ်က ခွင့်မပြုလို့ လာရောက်နိုင်ခြင်းမရှိပဲ လူတွေနဲ့ပဲ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။ 

3 weeks Ago

October 29, 2022

မိုးမောက်တွင် လက်နက်ကြီးကျသဖြင့် အမျိုးသမီးတဦး ဒဏ်ရာရ

ကချင်ပြည်နယ် မိုးမောက်မြို့မှာ အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး အမျိုးသမီး တယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးမောက်မြို့ ခမရ ၄၃၇ က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့်  ခါနန်ရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသမီးလက်မှာ ထိခိုက် ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတဦးက    "ခမရ ၄၃၇ ဘက်က ပစ်နေတာ။  အချက်ရေအတော်များတယ်။ ကျနော်တို့ဘက်ကိုတော့ ၃ လုံး လူနေအိမ် ကြားထဲ ကျတယ်။ ကျနော်တို့ နားက အဒေါ် လက်နက်ကြီး ကျည်ထိလို့ လက်မှာ ဒဏ်ရာ ရသွားတယ်" လို့ ပြောပါတယ်။       

ခြေမြန်တပ်ရင်း ခ.မ.ရ ၄၃၇ က လက်နက်ကြီးနဲ့  မိုးမောက်မြို့က လုံဂျာတောင်နားကို ပစ်ခတ် နေတဲ့အတွက်   ခါနန်ရပ်ကွက်အတွင်း ကျရောက်ပြီး အသက် ၅၀ ခန့် အမျိုးသမီး လက်မှာထိခိုက် ဒဏ်ရာရကာ မိုးညှင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မိုးမောက်မြို့နယ် လုံဂျာတောင်နားက ဝဝမ်ကျေးရွာမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး လေယာဉ်နဲ့ပါ ဗုံးကြဲနေတဲ့အတွက် ဒေသခံတချို့ စစ်ဘေးလွတ်ရာ ရှောင်တိမ်းနေရာတာ ငါးကြိမ်ထက် မနည်းရှိနေပါပြီ။ 

1 month Ago
More News
Up