လက်နက်ကိုင်တပ်ဖွဲ့

November 15, 2021

သိန္နီမြို့တွင် စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲထပ်ဖြစ်

ရှမ်းပြည်မြောက်ပိုင်း၊  သိန္နီမြို့အထွက်  အေးရှားဝေါတိုးဂိတ်အနီး(ကျောက်တောင်နားမှာ)  နိုဝင်ဘာ ၁၄ ရက် ည ၇ နာရီလောက်က စစ်ကောင်စီ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တို့  ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စကစ ၁၆ က လက်နက်ကြီးနဲ့ နေ့စဥ် နေကောညပါ ပစ်ခတ်နေတဲ့အပြင် မြို့တွင်း မြို့ပြင် စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့အတွက် မြို့တွင်းတိုက်ပွဲဖြစ်ပွားလာမှာကို  ဒေသခံတွေက  စိုးရိမ်နေကြပါတယ်။

သိန္နီမြို့ခံတစ်ဦးက"လက်နက်ကြီးပစ်တာ ၂ နာရီလောက်ကြာတယ်။ လက်နက်ငယ်ပစ်သံပါ ပါတယ်။ လက်နက်ကြီးပစ်တာ မြေကြီးပါတုန်တယ်။ အခုက မြို့နားမှာဖြစ်တာ။ မြို့တွင်းမှာ ဖြစ်ရင်မလွယ်ဘူး။ ကျနော်တို့ ပြည်သူတွေ  ထိခိုက်မှာပဲ စိုးရိမ်တယ်"လို့ ဆိုပါတယ်။

သိန္နီ-ကွတ်ခိုင်သွား ကားလမ်းမကြီးတလျှောက် တိုင်းရင်းသားလက်နက်ကိုင် MNDAA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စစ်ကောင်စီရဲ့တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာပါတယ်။

၂၀၁၉ အောက်တိုဘာလက သိန္နီမြို့စည်ပင်သာယာစျေးအနီး အကြမ်းဖက်စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိသူတွေရှိခဲ့သလို နေအိမ်နဲ့ စျေးဆိုင်ခန်းတွေ ပျက်စီးခဲ့ပါတယ်။

2 weeks Ago

March 8, 2021

ရန်ကုန်ဆေးရုံများတွင် လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်တပ်စွဲ

ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနမှာ လက်နက်ကိုင်  ရဲအင်အားအများအပြား မတ်လ ၇ ရက်ညကတည်းက ဝင်ရောက်တပ်စွဲထားတယ်လို့  ဆေးရုံဝင်းထဲမှာရှိနေသူတစ်ဦးက ပြောပါတယ်။ 

ဒီဗွီဘီက  ဆက်သွယ်တဲ့ ည ၇ နာရီကျော်အချိန်ထိလည်း  ရဲတပ်ဖွဲ့တွေ  ဆက်ရှိနေတုန်းပဲလို့ ပြောပါတယ်။

ခုလိုတပ်စွဲရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ ဆေးရုံလုံခြုံရေးအတွက် လာရောက်တပ်စွဲ တာလို့ ပြောဆိုတယ်လို့လည်း သိရပါတယ်။

အလားတူ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး (ဂန္ဒီဆေးရုံ)မှာလည်း  မတ်လ ၇  ရက် ညနေ ၅ နာရီလောက်မှာ ရဲအင်အား ၁၅ ယောက်လောက် ဝင်ရောက်နေရာယူစခန်းချထားတဲ့အတွက်  ဗိုလ်တထောင် ရပ်ကွက်‌သူ၊ ရပ်ကွက်သားတွေက ဆေးရုံဝင်းအရှေ့မှာ  ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပါတယ်။

ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးဝင်းထဲမှာလည်း ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

မြောက်ဥက္ကလာ ဝေဘာဂီ ဆေးရုံမှာလည်း  ရဲအင်အား ၂၀ ဝန်းကျင် တပ်စွဲဖို့ ပြင်ဆင်နေတာကြောင့် ရပ်ကွက်လူထုက ကန့်ကွက်ခဲ့ကြပါတယ်။

9 months Ago
Up