လက်တုံ့ပြန်

January 13, 2020

လက်တုံ့ပြန်ချိန်ရောက်ပြီဟု အီရန်မဟာမိတ် ဟဇ်ဘိုလာခေါင်းဆောင် ပြော

အီရန်ရဲ့မဟာမိတ်တွေအတွက် ဗိုလ်ချုပ် ကာဆမ်ဆူလေမာနီ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အခုချိန်ဟာ လက်တုံ့ပြန်ဖို့ စလုပ်ရမယ့် အချိန်ပဲလို့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာ ပြောက်ကျားတပ်က ဇန်နဝါရီ ၁၂ ရက်မှာ ပြောပါတယ်။   ဒေသတွင်းကနေ အမေရိကန်တပ်တွေကို ဖယ်ထုတ်ရေး ပန်းတိုင်အတွက် ရှည်လျားတဲ့ လမ်းကြောင်းပဲလို့လည်း ဟဇ်ဘိုလာခေါင်းဆောင် ဆေးယဒ်ဟတ်ဆန်နတ်စ်ရာလာက ပြောပါတယ်။  ဆူလေမာနီဟာ အမေရိကန်သံရုံးတွေကို ဗုံးခွဲဖို့ စီစဉ်နေခဲ့တယ်ဆိုတဲ့ စွဲချက်ကိုလည်း သူက ငြင်းပါတယ်။  ဟဇ်ဘိုလာတပ်ကို ၁၉၈၂ခုနှစ်မှာ အီရန်တော်လှန်ရေးအစောင့်တပ်က ဖွဲ့စည်း တည်ထောင် ပေးခဲ့တာဖြစ်ပြီး အီရန်ခေါင်းဆောင်တဲ့ ဒေသတွင်းမဟာမိတ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။  အမေရိကန်ကတော့ ဟဇ်ဘိုလာတွေကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် သတ်မှတ်ထားပါတယ်။
1 year Ago
Up