လက်ဆေးဂျယ်များဝေငှ

March 26, 2020

မန္တလေးတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် စက်ဘီးစီးချစ်သူများက လက်ဆေးဂျယ်များဝေငှ

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းနဲ့ ၅၅ လမ်းမှာ စက်ဘီးစီးချစ်သူတွေက လမ်းသွားလမ်းလာ ပြည်သူတွေကို လက်စင်ကြယ်အောင် ဆေးနိုင်ဖို့အတွက် လက်ဆေးဂျယ်တွေကို မတ်လ ၂၅ ရက်နေ့က အခမဲ့ဝေငှပေးဝေခဲ့ပါတယ်။ စက်ဘီးစီးအဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက “ကျနော်တို့ စက်ဘီးစီးချစ်သူများအဖွဲ့က ဦးဆောင်ပြီး လက်ရှိ လတ်တလော ကမ္ဘာမှာ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ် COVID-19 ကို ကျနော်တို့ မဲဆန္ဒရှင်ပြည်သူတွေကြိုတင်ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး Hand Gel တွေကို ဝေငှတာပါ။ ကိုရိုနာဗိုင်းရပ် COVID-19 ရောဂါဖြစ်နေတဲ့သူတွေရဲ့ တံတွေး၊ ချွဲသလိပ်တွေကနေစတင်ကူးစက်တာမို့ ဘာဘဲလုပ်လုပ် လက်ကိုစင်ကြယ်အောင်ဆေးနိုင်ဖို့ ရည်ရွယ်ပြီး အခုလို မန္တလေးတောင်ခြေနဲ့ ၉ လမ်း ၈၀ ရယ် ပုသိမ်ကြီးမြို့နာရီစင်နဲ့ ဘုန်းတော်တိုး စတဲ့နေရာ လေးနေရာကိုပေးဝေဖြစ်ခဲ့တယ်”လို့ ပြောပါတယ်။ စက်ဘီးစီးချစ်သူများအဖွဲ့ဟာ အခါအားလျော်စွာ လှူဒါန်းမူတွေပြုလုပ်နေတဲ့အဖွဲ့ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အဖွဲ့ဝင်အင်အား ၃၀ ကျော်နဲ့ လက်ဆေးဂျယ်ဘူးတွေကို  ပြည်သူတွေ ထံပေးဝေခဲ့ပါတယ်။
2 years Ago
Up