လက်ဆောင်ပစ္စည်း

A d v e r t i s e m e n t With Us

December 26, 2020

မြန်အောင်တွင် ခရစ္စမတ်နေ့က ဗိုလ်ချုပ်ပုံပါ ၅ ကျပ်တန်ကို လက်ဆောင်ပစ္စည်းနှင့် လဲလှယ်လှူဒါန်း

မြန်အောင်မြို့မှာ ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ္စမတ်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၅ ကျပ်တန် တရွက်ကို လက်ဆောင်ပစ္စည်းတခုစီနဲ့ လဲလှယ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း မြန်အောင်မြို့ ခရစ္စမတ်နေ့မှာ ပြည်သူတွေ အသုံးနည်းနေပြီဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ အစိမ်းရောင် ၅ ကျပ်တန် တရွက်ကို လက်ဆောင်ပစ္စည်းတခုစီ ပြန်လည်လက်ဆောင်ပေးတဲ့ အစီအစဉ်တခုကို မြန်အောင်မြို့ ဆုတောင်းပြည့် ဘုရားလမ်းမှာရှိတဲ့ မင်းစံအိမ် စတိုးဆိုင် မိသားစုတွေက လှူဒါန်းခဲ့ကြတာပါ။ ၅ ကျပ်တန် တရွက်နဲ့ လဲလှယ်ပြီး ပြန်ပေးတဲ့ လက်ဆောင်ပစ္စည်းကတော့ အဝတ်အစား၊ လျှပ်စစ်ပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ ခရစ္စမတ်မှာ ပြည်သူတွေလည်း လူစုလူဝေးလည်း မဖြစ်ရအောင် ပြုလုပ်ခဲ့သလို အခုလို ၅ ကျပ်တန် ငွေစက္ကူကို ယူတာကတော့ သိမ်းဆည်းထားချင်လို့ဖြစ်ပြီး ဒေသခံတွေကိုလည်း လှူချင်တာကြောင့် ဖြစ်တယ်လို့ အလှူရှင်တဦးဖြစ်တဲ့ ဦးကျော်ရင်က ပြောပါတယ်။
2 months Ago
Up