လက်စတာအသင်

March 13, 2020

လက်စတာကစားသမားအချို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာအချို့တွေ့ရှိ

လက်စတာအသင်းရဲ့ ကစားသမားတချို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ရောဂါလက္ခဏာတွေ တွေ့ခဲ့ရတယ်လို့ လက်စတာစီးတီးနည်းပြ ဘရန်ဒန်ရော်ဂျာက ထုတ်ဖော်ပြောဆို လိုက်ပါတယ်။  ဒီလိုတွေ့ရှိမှုကြောင့် အသင်းဟာ ဒီကစားသမားတွေကို သီးသန့်ခွဲခြားနေထိုင်ဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။ ဗိုင်းရပ်စ်ပြန့်ပွားမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီကစားသမားတွေဟာ ပထမအ  သင်းကြီးနဲ့ ပူးပေါင်းခွင့်ရရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စအပေါ် ဘယ်လိုကိုင်တွယ်ဖြေရှင်း သွားမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။  ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ မသင်္ကာဖွယ်ရာအနေအထားတွေ တွေ့ခဲ့ရပေမယ့် စနေနေ့မှာ ကစားမယ့် လက်စတာအသင်းနဲ့ ဝတ်ဖို့ဒ်အသင်းရဲ့ပွဲစဉ်ကိုတော့ ပုံမှန်အတိုင်း ဆက်လက်ကျင်းပ သွားမှာဖြစ်ပါတယ်။  ဒါပေမယ့် ဝတ်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ ဗိုင်းရပ်စ်ပြန့်ပွားမှုမရှိဘူးဆိုတာသေချာစေရေး ဘယ်လို ဆောင်ရွက်ချက်တွေ လုပ်ဆောင်သွားမလဲဆိုတာကိုတော့ အခုထိ မသိရသေးပါဘူး။ ရော်ဂျာကတော့ သူ့အသင်းဟာ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ထားတယ်လို့ ယုံကြည်နေပြီး သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ “ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ရောဂါလက္ခဏာတွေပြသနေတဲ့ ကစားသမားတချို့ရှိပါတယ်။ ကျနော်တို့ဘက်က လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာဆောင်ရွက်ထားပြီး ကြိုတင်ကာကွယ်မှုတရပ်အနေနဲ့ ဒီကစားသမားတွေကို အသင်းကြီးကနေ ခွဲထုတ် ထားမှာဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဥရောပထိပ်တန်းဘောလုံးပွဲတွေမှာ ဗိုင်းရပ်စ်ကြောင့် ပွဲစဉ်တွေကို  ရွေ့ဆိုင်းခြင်း၊ ပရိသတ်မပါဘဲ ကစားစေခြင်းတို့ လုပ်ဆောင်ထားပေမယ့် ပရီးမီးယားလိဂ်မှာတော့  ပြောင်းလဲမှု တစုံတရာ မရှိသေးပါဘူး။  အင်္ဂလန်ပြင်ပလိဂ်တွေထဲမှာ စီးရီးေအဟာ အခြေအနေအဆိုးရွားဆုံးအနေအထားမှာ ရှိနေပြီး ကစားသမားနှစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရကာ နိုင်ငံကိုလည်း ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။  ရော်ဂျာကတော့ အင်္ဂလန်နိုင်ငံတွင်းပွဲစဉ်တွေရဲ့ အခြေအနေပြောင်းလဲမှု မဖြစ်စေချင်ကြောင်း မျှော်လင့်နေသူဖြစ်ပေမယ့် ပြိုင်ဘက်အသင်းတွေအနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ထုတ်ပြန် ချက်တွေကို တိတိကျကျလိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကိုတော့ ဝန်ခံပါတယ်။  “သေချာတာပေါ့ဗျာ၊ ဘောလုံးပွဲဆိုင်ရာ ရှုထောင့်ကကြည့်မယ်ဆိုရင်တော့ ဒါက မဖြစ်သင့်ဘူးပေါ့။ ဒါပေမယ့် ပြည်သူ့ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဒါကအရေးကြီးဆုံးပဲလေ။ ဘောလုံးနဲ့ ပတ်သက်နေတဲ့လူက ဒီလောကထဲမှာ ဖြစ်ပျက်နေသမျှနဲ့ လိုက်လျောညီထွေဖြစ်နေဖို့ အရေးကြီးပါတယ်။ ဘောလုံးလောကအပြင်သက်ဆိုင်ရာ အဖွဲ့အစည်း တွေက ညွှန်ကြားမှုတွေ လုပ်ဆောင်ပေးနေပါတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ကတော့ ဒီအချက်တွေကို လိုက်နာပြီး ပုံမှန်အတိုင်းကြိုးစားဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” လို့လည်း သူက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။ 
2 years Ago
Up