လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာဟာ လက်ရှိ ခြေစွမ်းတက်နေတဲ့ အသင်းကို စွန့်ခွာပြီး အာဆင်နယ်နည်းပြရာထူးကို လက်ခံလိမ့်မယ်လို့ beIN Sport ရဲ့ တင်ဆက်သူ ရစ်ချက်ကီးစ်က ပြောပါတယ်။
နာမည်ကြီး အားကစားရုပ်သံ beIN ရဲ့ တင်ဆက်သူတယောက်ဖြစ်တဲ့ ရစ်ချတ်ဟာ ဘောလုံးလောကက နည်းပြ၊ ကစားသမား အများစုနဲ့လည်း ပုဂိုလ်ရေးအရလည်း ရင်းနှီးကျွမ်းဝင်သူ ဖြစ်ပါတယ်။
ရော်ဂျာနဲ့ သူဟာ လီဗာပူးအသင်းကနေ ထွက်ခွာလာပြီးနောက်မှာ တက္ကစီ အတူစီးဖူးပြီး အသေးစိတ်တော့ ပြန်မပြောချင်ပေမယ့် အာဆင်နယ် နည်းပြရာထူးဟာ သူ့ရဲ့ ရည်မှန်းချက်ဖြစ်တယ် ဆိုတာ သံသယဖြစ်ဖွယ်မရှိဘူးလို့ ရစ်ချတ်က ပြောပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ နည်းပြသစ် နေရာအတွက် လက်စတာအသင်းကို ၉ လလောက်ပဲ ကိုင်တွယ်ရသေးတဲ့ ဘရန်ဒန်ရော်ဂျာကို တာဝန်ပေးအပ်နိုင်ဖို့ ရည်ရွယ်နေပြီး အသင်းကို ခေါ်ယူနိုင်ဖို့အတွက်လည်း ထွက်ခွာကြေး ပေါင် ၁၄ သန်းလောက် အသုံးပြုရဖို့ ရှိနေပါတယ်။
3 years Ago