လက်ကျန်ပွဲ

June 25, 2020

လက်ကျန်ပွဲစဉ်များကို ဗိုလ်လုပွဲကဲ့သို့ ကစားရန် ရီးရဲလ်နည်းပြ တိုက်တွန်း

လာလီဂါ လက်ကျန်ပွဲစဉ်တိုင်းကို ဗိုလ်လုပွဲ တပွဲလို ကစားကြဖို့ ရီးရဲလ်မက်ဒရစ် အသင်းသားတွေကို နည်းပြ ဇီဒန်းက တိုက်တွန်းလိုက်ပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာစီလိုနာအသင်းက ဆီဗီလာ နဲ့ ဂိုးမရှိသရေကျခဲ့တဲ့အပေါ်မှာ အခွင့်အရေးယူနိုင်ခဲ့ပြီး ဆိုစီဒက်ကို အနိုင်ယူခဲ့တာကြောင့် ထိပ်တိုက်တွေ့ဆုံမှုအသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခဲ့ပါတယ်။  လာလီဂါ ချန်ပီယံ ဖြစ်ချင်တယ်ဆိုရင် လက်ကျန်ပွဲစဉ်တွေကို ဗိုလ်လုပွဲတပွဲလို ကစားကြဖို့ နည်းပြဇီဒန်းက တိုက်တွန်းလိုက်ပြီး ရှေ့လာမယ့်ပွဲစဉ်တွေက အရေးကြီးတဲ့ပွဲတွေဖြစ်တယ်လို့ လည်း ဆိုပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ကျန် ၈ ပွဲမှာ  ထိပ်တန်းအသင်းတွေထဲက ဘီလ်ဘာအို၊ ဗီလာရီးရဲလ်  အသင်းတွေနဲ့ ကစားရမှာဖြစ်ပါတယ်။  ဘာစီလိုနာအသင်းကတော့  ဘီလ်ဘာအိုနဲ့ပွဲမှာ အနိုင်ရခဲ့ပေမယ့် အက်သလက်တီကို၊ ဗီ လာရီးရဲလ် တို့နဲ့ ကစားရမယ့်ပွဲတွေ ကျန်ရှိပါတယ်။ 
1 year Ago

April 1, 2020

ပရီးမီးယားလိဂ်လက်ကျန်ပွဲများ ဇွန်လဆန်းပြန်စရန် စီစဉ်

ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေကို လာမယ့်မေလဆန်းမှာ စတင်ကျင်းပသွားဖို့အတွက် စီစဉ်နေပါတယ်။  လက်ကျန်ပွဲစဉ် ၉ပွဲ အလိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မူကြောင့် ရပ်နားထားရတာ ဖြစ်ပါတယ်။  မူလက ဇွန်လဆန်းမှာ စတင်နိုင်ဖို့ ပြင်ဆင်ခဲ့ပေမယ့်လည်း ဗိုင်းရပ်စ် ကူးစက်မူအခြေအနေ ဆိုးရွားလားတာကြောင့် ဇွန်လဆန်းမှာစတင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။  ပွဲစဉ်အားလုံးကို ကွင်းပိတ်ကျင်းပသွားမှာဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်မှာ ပြီးဆုံးစေမယ်လို့ သိရပါတယ်။  ဇူလိုင်လလယ်မှာ အပြီးသတ်မကျင်းပနိုင်ဘူးဆိုရင်တော့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တိုက်ရိုက်ပြသခွင့်ရရှိထားတဲ့ ရုပ်သံကုမ္ပဏီတွေအတွက် ပေါင်သန်း ၇၀၀ ကျော် နစ်နာမှုတွေ ရှိနိုင်တယ်လို့ သိရပါတယ်။  ဇွန်လပထမပတ်မှာ စတင်မယ့်အစီအစဉ်ကို သောကြာနေ့ကျင်းပမယ့်  အစည်းအဝေးမှာ အတည်ပြုဆုံးဖြတ်မှာဖြစ်ပါတယ်။ 
2 years Ago
Up