လက်ကမ်းစာစောင်များ

August 2, 2020

လေးမျက်နှာမြို့နယ်ရှိ ပြည်သူများ မဲစာရင်းကြည့်ကြရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံသား အခွင့်အရေးအရ မဲပေးခွင့်ရရှိစေဖို့ ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်နေ ပြည်သူတွေ မဲစာရင်းကြည့်ကြဖို့  ဩဂုတ် ၁ ရက်နေ့က ပိုစတာစိုက်ထူပြီး လက်ကမ်းစာစောင် ဖြန့်ဝေ နှိုးဆော်နေပါတယ်။  လက်ကမ်းစာစောင်တွေကို လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနဲ့ အဖွဲ့၀င်တွေ၊ ဌာနဆိုင်ရာတွေ အမျိုးသမီးရေးရာအဖွဲ့၀င်တွေ၊ ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေး၀န်ထမ်းတွေက လေးမျက်နှာမြို့ရဲ့ လူစည်ကားရာ ဈေးတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ဝေငှခဲ့ကြပြီး မြေစိုက်ပိုစတာတွေကိုလည်း စိုက်ထူခဲ့ကြပါတယ်။ လက်ကမ်းစာစောင်နဲ့ မြေစိုက်ပိုစတာတွေမှာ မဲဆန္ဒရှင်တွေ မေးလေ့မေးထရှိတဲ့ မေးခွန်းတွေနဲ့ အဖြေတွေ၊ မဲစာရင်း ကြေညာမယ့်ရက်စွဲ၊ မဲစာရင်းမပါရင် ဆောင်ရွက်ရမယ့် နည်းလမ်းတွေကို ရေးသားဖော်ပြထားပါတယ်။
11 months Ago

June 1, 2020

မော်တော်ယာဉ် ဥပဒေအသစ် အများပြည်သူသိရှိရန် မန္တလေးတွင် လက်ကမ်းစာစောင်များ ဝေငှ (ဓာတ်ပုံ)

၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက် စတင်တဲ့ မော်တော်ယာဉ် ဥပဒေအသစ်အား အများပြည်သူများ သိရှိနိုင်ဖို့  မန္တလေးမြို့မှာ ယာဉ်မောင်းသူတွေကို ပညာပေး လက်ကမ်းစာစောင်တွေနဲ့ စာအုပ်တွေကို ယာဉ်ထိန်းရဲ တာ၀န်ရှိသူတွေက ဇွန် ၁ ရက်နေ့ မနက်ပိုင်းက လိုက်လံ‌ဝေငှခဲ့ပါတယ်။ Photo - Kaung Zaw Hein / MPA
1 year Ago
Up