လက်​​တွေ့လုပ်​​ဆောင်​မှုသင်​တန်း ​ဖွင့်လှစ်

January 25, 2018

ဝါး အ​ခြေခံ တန်​ဖိုးမြှင့်ထုတ်​ကုန်​ လက်​​တွေ့လုပ်​​ဆောင်​မှုသင်​တန်း ​ဖွင့်လှစ်

ဝါးအ​ခြေခံတန်​ဖိုးမြှင့်ထုတ်​ကုန်​ လက်​​တွေ့လုပ်​​ဆောင်​မှုသင်​တန်းကို ပဲခူးတိုင်း​ဒေသကြီး  ​ပန်း​တောင်းမြို့နယ် ​ဥသျှစ်​ပင်​မြို့၊ ဓမ္မ​ထေရီ​ တောရ​ကျောင်းတိုက်​မှာ ​ဇန်​နဝါရီ ၂၂ ရက်​​နေ့ကစပြီး ၅ ရက်ကြာ ​ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ သမားရိုးကျ ဝါးအသုံးပြုမှုထက်​ ဝင်​​ငွေပိုမိုရရှိနိုင်​​တဲ့ တန်​ဖိုးမြှင့်ထုတ်​ကုန်​ ထုတ်​လုပ်​နိုင်ဖို့​ ACDD ဒီမိုက​ရေစီ ဖွံ့ဖြိုးတိုးတက်​​ရေး လှုပ်​ရှား​ဆောင်​ရွက်​မှု ​ကော်​မတီက ကိုရဲ​ကျော်​သူ ဦး​ဆောင်​ပြီး နည်းပညာ ကျွမ်းကျင်​သူ ဆရာတွေက သင်​တန်းသား သင်​တန်းသူ ၁၈ ဦးကို သင်ကြားပေးနေတာပါ။ ဝါးတန်ဖိုးမြှင့် ထုတ်​ကုန်​နဲ့ ဝါးစိုက်​ပျိုးမှုကို ဒီ​ဒေသက လူ​တွေ ပိုမိုသိရှိလာ​အောင် ​ရည်​ရွယ်​ပြီး လုပ်ဆောင်တာ ဖြစ်တယ်လို့ သင်​တန်းစီစဉ်​သူ ကိုရဲ​ကျော်​သူကပြောပါတယ်။ “​လူ​အများစုက ဝါးကို အကြမ်းပဲ သုံးတတ်​တာ။ မိုးဦးကျဆို မျှစ်​ချိုးတယ်​။ ဝါးအသုံးဝင်​မှန်း သိ​ပေမယ့် စိုက်​ပျိုးလို့ရမှန်း သိသူ နည်းတယ်​။ ဝါးပိုးဝါးတလုံးကို ၃၈၀၀ ကျပ်​​ ပေးရတယ်။ ​ပေ ၂၀ ဝန်းကျင်​​ပေါ့။ ပန်းအိုးက​ ပေါ်လစ်​တင်​ပြီး အ​ချောကို ​ပေါက်​​ဈေး ၄၀၀၀ ကျပ်​ ရှိတယ်​။ ဝါးတလုံးကို ပန်းအိုး ၁၅ လုံး အနည်းဆုံး ရတယ်​။ ပြည်​တွင်း​ဈေးကွက်​​တော့ ခိုင်​​အောင် ရှာရမယ်” သင်တန်းဆရာတွေအဖြစ် အင်းလေးနဲ့ မကွေးဒေသက ဝါးပန်းပုပညာရှင်တွေက လာရောက် သင်ကြားပေးနေကြတာဖြစ်ပါတယ်။ အင်း​လေး​ဒေသက ဝါးပန်းပုကျွမ်းကျင်​သူ  ဦး​ကျော်​​ဇေယျက “ကျ​နော်​က အင်းထဲက လာတာပါ။ အင်း​လေးမှာ ဝါးပန်းပုအနုပညာဆိုင် ​ဖွင့်ထားပါတယ်​။ ဆိုင်​နာမည်​က ဇလပ်​ဖြူပါ၊ နိုင်​ငံခြားသား အဝင်​အထွက်​ များတယ်။ ​​ရောင်းရပါတယ်​။ ပန်းအိုးက တကယ်​ တင်းတင်းရင်းရင်း လုပ်​ရင်​ တ​နေ့ကို ၁၅ လုံး​လောက်​ ပြီးတယ်​”လို့  ​ပြောပါတယ်​။ မ​ကွေးမြို့က ဝါးပန်းပုပညာရှင် ​ဦးဉာဏ်​မြင့်မောင်​က “သင်​တန်းဆရာ ဆိုတာထက်​ ပံ့ပိုးကူညီတာပါ။ ဒီ​နေ့က​တော့ ဝါးနဲ့ ပန်းအိုး အလှပန်းပု​ပေါ့​။ နောက်​​နေ့​တွေမှာ မီးအိမ်​၊​ ရေခွက်​၊ ချိုင့်၊ တစ်ရှူးဘူး စတဲ့ အိမ်​အသုံးအ​ဆောင်​လုပ်​နည်း​တွေ ဆက်သင်​သွားမှာပါ”လို့  ​ပြောပါတယ်​။ သင်​တန်းကို ချင်းပြည်​နယ်​၊ ကန်​ပက်​လက်​က ၄ ဦး၊ ​ဒေသခံ ၁၄ ဦးတို့ တက်​​ရောက်​​နေပြီး ဇန်​နဝါရီ ၂၆ ရက် ည​နေမှာ ပြီးဆုံးမယ်​လို့ သိရပါတယ်​။ သတင်း - ​နေမှူးလူ
4 years Ago
Up