အသက် ၂၄ နှစ်အရွယ် တရုတ်နိုင်ငံသားတဦးဟာ ငယ်စဉ်ကတည်းက လက်နှစ်ဖက်လုံး မပါရှိပေမယ့် ခြေထောက်တွေကို အသုံးပြုပြီး ပန်းချီဆွဲ အသက်မွေးဝမ်းကျောင်း ပြုခဲ့ပါတယ်။
နာမည်မဖော်ပြတဲ့ အဲဒီလူငယ်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချောင်ကျင်းပြည်နယ်ထဲက လမ်းပေါ်မှာ ခြေထောက်နဲ့ ပန်းချီရေးဆွဲခဲ့တဲ့ပုံဟာ လူတွေကို စိတ်ဝင်စားမှု ပိုစေခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
သူ့ကို ချောင်ကျင်းမြို့ ဆင်ခြေဖုံးရပ်ကွက်တခုမှာ မွေးဖွားခဲ့ပြီး ခုလို ခြေထောက်နဲ့ ပန်းချီဆွဲနိုင်ဖို့ လေးနှစ်ကြာ လေ့လာသင်ယူခဲ့ရတယ်လို့ ဆိုပါတယ်။
7 years Ago