လက်နှစ်ဖက်မပါပေမယ့်

December 9, 2016

လက်နှစ်ဖက်မပါပေမယ့် ချန်ပီယံတဦးကဲ့သို့ ရေကူးနိုင်သည့် ကလေးငယ် (ရုပ်သံ)

အစ္စမေးလ်ဇာလ်ဖစ်ဟာ မွေးရာပါ လက် ၂ ဖက်မပါရှိပဲ မွေးဖွားလာခဲ့ပေမယ့် အို လံပစ်ပြိုင်ပွဲမှာ အသုံးပြုတဲ့ အရွယ်အစားရေကူးကန်ထဲမှာ ကျွမ်းကျင်စွာရေကူးနိုင်တဲ့  ကလေးတယောက်ဖြစ်လာခဲ့ပါတယ်။ သူဟာ အသက် ၆ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဘော့ဇ်နီးယားနိုင်ငံမှာနေထိုင်နေတာ ပါ။ မိခင်ဖြစ်သူဟာ သူ့ကို ကိုယ်ဝန်ဆောင်ချိန်ကတည်းက ဆေးပညာရှင်တွေနဲ့ တိုင်ပင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ ခုလိုမွေးဖွားလာခဲ့တာဖြစ်တယ်လို့ မေရာသတင်းတ ပုဒ်မှာ ဖော်ပြပါတယ်။ “သားလေးကို မွေးလာချိန်မှာ လက် ၂ ဖက်မပါခဲ့တဲ့အတွက် သူ့ရဲ့ ရှေ့ဆက်ရ မယ့် နေ့တွေအတွက် အရမ်းစိတ်ပူပန်ခဲ့ရပါတယ်။ အရွယ်ရောက်လာချိန်မှာ တခြားက လေးတွေလိုပဲ သူဟာ ကျောင်းတက်ဖို့ ငြင်းဆန်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူ့ သူငယ်ချင်းတွေက လက်နဲ့လုပ်တဲ့အရာတွေကို သူက ခြေထောက်နဲ့ ကျွမ်းကျွမ်းကျင် ကျင်ပဲလုပ်လာနိုင်ခဲ့ပါတယ်”လို့ မိခင်ဖြစ်သူ အယ်လ်မီနာက ပြောပါတယ်။ အခုနှစ်အစောပိုင်းမှာတော့ သူဟာ ရေကူးအသင်းဝင်တယောက်ဖြစ်လာခဲ့ပြီး လေ့ကျင့်သင်ကြားခဲ့ချိန်မှာတော့ ဘယ်သူ့ရဲ့ အကူအညီမှမပါပဲနဲ့ ရေကိုကျွမ်းကျွမ်း ကျင်ကျင်ကူးခပ်နိုင်ခဲ့ပါပြီ။ ရေကူးနည်းပြဖြစ်တဲ့ အယ်လ်မာ မလစ်ဘီဂိုဗစ်က “ကျနော် သူ့ကို စတွေ့ချိန်တုန်း ကတော့ စိတ်ပူမိခဲ့တယ်။ ပုံမှန်စွန့်စားသင်ကြားရမယ့် သင်ခန်းစာတွေကို သူ့ကို သင်လို့ မဖြစ်နိုင်မှန်း သိခဲ့ပါတယ်။ ကွဲပြားခြားနားတဲ့ သင်ကြားနည်းစနစ်တွေနဲ့ ချဉ်းကပ်သင် ကြားခဲ့ရတာပါ”လို့ ပြောပါတယ်။ အစပိုင်းတုန်းကတော့ ရေကန်ထဲကို ဆင်းဖို့ ငြင်းဆန်အော်ဟစ်ငိုယိုခဲ့ဖူးတဲ့ အစ္စ မေးလ်ဟာ လက်ရှိအချိန်မှာတော့ ယုံကြည်မှုရှိရှိနဲ့ ရေကူးနိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲ မှာ တွေ့ရမှာပါ။
5 years Ago
Up