အမေရိကန် ဂန္ထ၀င်လက်ဝှေ့သမားကြီး မိုဟာမက် အလီ ငယ်စဉ်က နေထိုင်ခဲ့ဖူးတဲ့ ကန်တန်ကီပြည်နယ်ထဲက နေအိမ်ကို ပြတိုက်အဖြစ် ဖွင့်လှစ်ထားပါတယ်။
ဖွင့်ပွဲအခမ်းအနားကို အလီရဲ့ညီဖြစ်တဲ့ ရာဟမန် အလီလည်း တက်ရောက်ပါတယ်။
သူတို့မိသားစု ငယ်စဉ်က နေထိုင်ခဲ့ဖူးတဲ့ အိမ်ကို အခုလိုမျိုး ပြတိုက်အဖြစ် ပြောင်းလဲလိုက်တာ မြင်ရလို့ အရမ်း စိတ်လှုပ်ရှားမိတယ်လို့ ပြောပါတယ်။
ဒီအိမ်မှာ သူတို့ညီအစ်ကိုနှစ်ယောက် ၁၉၄၇ ကနေ ၁၉၆၁ ခုနှစ်အထိ နေထိုင်ခဲ့ကြပါတယ်။
နောက်ပိုင်း အိမ်ကို သူတို့ရှေ့နေ ဂျော့ခ်ျ ဘိုချီတိုကို ရောင်းခဲ့ပြီး အဲဒီနောက် အိမ်ခြံမြေသူဌေးကြီး ဂျယ်ရီ ၀စ်ကတဆင့် ပြန်ယူမွမ်းမံပြီး ပြတိုက်အဖြစ် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။
5 years Ago