လက်ဝှေ့ချန်ပီယံရှစ် စိန်ခေါ်ပွဲ

May 4, 2019

ဘားအံတွင် ကျင်းပမည့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် စိန်ခေါ်ပွဲတွင် တွဲဆိုင်း ၈ ပွဲ ပါဝင်မည်

ကရင်ပြည်နယ် ဘားအံမြို့မှာ မေလ ၅ ရက်နေ့ ကျင်းပမယ့် ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ် စိန်ခေါ်ပွဲမှာ စုစုပေါင်း တွဲဆိုင်း ၈ ပွဲ ပါဝင်ထိုးသတ်ကြမယ်လို့ သိရပါတယ်။ အဓိကတွဲဆိုင်းအဖြစ် မြန်မာက မိုက်ရိုင်းနဲ့ ကမ္ဘောဒီးယားက ဆာမတ်တို့က ဖယ်သာဝိတ်တန်းမှာ ပါဝင်ထိုးသတ်ကြမှာဖြစ်ပြီး ဝယ်လ်တာဝိတ်တန်းမှာတော့ ကျော်ဇင်လတ်နဲ့ ဂျာမနီက ဘရုလက်ခ်တို့ ပွဲစဉ်လည်း ပါဝင်ပါတယ်။ လိုက်မစ်ဒယ်ဝိတ်တန်းမှာတော့ မြန်မာက သွေးသစ်အောင်နဲ့ အိုင်ယာလန်က ဒေးဗစ်မက္ကာသီ၊ အမျိုးသမီး တွဲဆိုင်းအဖြစ် မြန်မာက အဲအဲနဲ့ ဗီယက်နမ်က ဟွိုင်းဟဟူးတို့ ပါဝင်ထိုးသတ်မှာ ဖြစ်ပါတယ်။ ပြည်တွင်းတွဲဆိုင်းတွေမှာတော့ အောင်အောင်ထူးနဲ့ စောမင်းမင်း၊ အောင်ဟိန်းနဲ့ သွေးသစ်မောင်၊ သန်းဇော်နဲ့ ဟိန်းထွန်းအောင်၊ မင်းထက်ကျော်နဲ့ ဘဟိန်းတို့ ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။ အခုပွဲစဉ်ကို ဘားအံမြို့ရှိ ချစ်သူမြိုင်ပန်းခြံမှာ ကျင်းပမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေကတော့ ကျပ်တသောင်း၊ ငါးထောင်နဲ့ သုံးထောင် အသီးသီး သတ်မှတ်ထားပါတယ်။
2 years Ago
Up