လက်ဝှေ့

June 11, 2019

ဟဲဗီးဝိတ် အကျော်အမော် ဝိုင်ဒါနှင့် တိုင်ဆန်ဖျူရီတို့ မကျေပွဲ ပြန်ထိုးမည်

ဟဲဗီးဝိတ် အကျော်အမော်တွေဖြစ်တဲ့ ဒီယွန်တေး ဝိုင်ဒါနဲ့ တိုင်ဆန်ဖျူရီတို့ဟာ လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီ မကျေပွဲ ပြန်လည်ထိုးသတ်ဖို့ ရှိနေပါတယ်။ ဝိုင်ဒါကတော့ လာမယ့် စက်တာဘာလလောက်မှာ အောတစ်ဇ်နဲ့ ထိုးသတ်သွားဖို့ရှိနေပြီး လေ့စ်အိန်ဂျလိစ်၊ နယူးယောက် သို့မဟုတ် လတ်စ်ဗီးဂတ်စ်မှာ ထိုးသတ်သွားဖို့ ရှိနေပါတယ်။ ဖျူရီနဲ့ ဝိုင်ဒါတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထိုးသတ်ခဲ့ကြပြီး အငြင်းပွားဖွယ် ရလဒ်တွေနဲ့ သရေကျခဲ့တာကြောင့် အခုလို မကျေပွဲ ပြန်လည်ထိုးသတ်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ ဝိုင်ဒါကတော့ နောက်ထပ်ပွဲစဉ်တပွဲဖြစ်တဲ့ ဟဲဗီးဝိတ် နာမည်ကြီး အန်တိုနီဂျော်ရွှာနဲ့ ထိုးသတ်ဖို့ ပြင်ဆင်ထားပေမယ့် ဂျော်ရွှာဟာ ပြီးခဲ့တဲ့ရက်ကပဲ အန်ဒီရူအိဇ်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့လို့ ပွဲပျက်သွားမယ့် အခြေအနေမှာ ရှိနေပါတယ်။
2 years Ago

June 3, 2019

ဗြိတိန်လက်ဝှေ့ကျော်ကို အနိုင်ရခဲ့သည့် မက္ကဆီကန်နိုင်ငံသား ဆုကြေး ပေါင် ၅ သန်းသာ ရရှိ

ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲမှာ နာမည်ကြီး ဗြိတိန်လက်ဝှေ့အကျော်အမော် အန်တိုနီဂျော်ရွှာကို အနိုင်ရခဲ့တဲ့ မက္ကဆီကန်နိုင်ငံသား အန်ဒီရုဇ်ဂျူနီယာဟာ ပေါင် ၅ သန်းသာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ရှုံးနိမ့်ခဲ့တဲ့ ဂျော်ရွှာကတော့ ပေါင်သန်း ၂၀ ထိ ရရှိခဲ့ပြီး အခုပွဲစဉ် မတိုင်မီကတည်းက ကြိုတင် သဘောတူညီထားခဲ့တာလို့ သိရပါတယ်။ အန်တိုနီဂျော်ရွှာရဲ့ အခုရှုံးပွဲဟာ ကစားသမား သက်တမ်းတလျှောက် ပထမဆုံး ရှုံးပွဲဖြစ်ပြီး WBA, WBO, IBF ချန်ပီယံခါးပတ်တွေကိုလည်း စွန့်လွှတ်ခဲ့ရပါတယ်။ ဒီပွဲမှာ ဗြိတိန်လက်ဝှေ့သမား ဂျော်ရွှာသာ အနိုင်ရလိမ့်မယ်လို့ အားလုံးနီးပါးက ခန့်မှန်းထားကြပေမယ့် ၇ ချီမြောက်မှာတင် ဒိုင်ပွဲရပ်နဲ့ အန်ဒီရုဇ်က အနိုင်ရသွားတာပါ။ ပွဲအစပိုင်းမှာ အန်ဒီရုဇ်ဟာ ဂျော်ရွှာရဲ့ ထိုးချက်တွေကြောင့် လဲကျခဲ့ရပေမယ့် ပွဲပြန်စချိန်မှာ အကောင်းဆုံး တိုက်စစ်ဆင် ထိုးသတ်နိုင်ခဲ့ပြီး ဂျော်ရွှာကို ၂ ကြိမ်တိုင်တိုင် လဲကျစေခဲ့ပါတယ်။ ၇ ချီမြောက်မှာတော့ ဂျော်ရွှာ ပြန်မခုခံနိုင်လောက်အောင် ထိုးသတ်နိုင်ခဲ့လို့ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။ ရှုံးနိမ့်ခဲ့သူ ဂျော်ရွှာကတော့ အခုပွဲဟာ အသေးအဖွဲသာဖြစ်ပြီး သူ့ရဲ့ ပွဲစီစဉ်သူ အက်ဒီဟင်းန်နဲ့အတူ လာမယ့်ဒီဇင်ဘာမှာ မကြေပွဲ ပြန်လည်ထိုးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
2 years Ago
More News
Up